မျောက်ကျောက်ကာကွယ်ရေး ကျန်းမာရေးအချက်အလက် ဖြည့်သွင်းရမည်

(ပြည်တွင်း) သြဂုတ် ၂၄

     Mpox(မျောက်ကျောက်)ရောဂါကာကွယ်နိုင်ရန် အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ ရေလမ်းခရီးလမ်း ကြောင်း တွေက ဝင်ရောက်လာတဲ့ ခရီးသည်တွေအနေနဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်များ ဖြည့်သွင်းရမှာ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။

     ကျန်းမာရေးဝန်ကြီးဌာနရဲ့ လုပ်ထုံးလုပ်နည်းများအရ မြန်မာနိုင်ငံကိုရောက်ရှိလာတဲ့ ခရီးသည်များအားလုံး အနေနဲ့ ကျန်းမာရေးဆိုင်ရာ အချက် အလက်တွေကို ဖြည့်သွင်းပြီး လူဝင်မှုကြီးကြပ် ရေးကောင်တာများအား မဖြတ်သန်းခင် သက် ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနဝန်ထမ်းထားထံသို့ တင်သွင်းရမှာ ဖြစ်ပါတယ်။

      လက်ရှိမှာတော့ ရန်ကုန်နဲ့ မန္တလေးလေဆိပ်၊ နယ် စပ်ဝင်/ထွက်ဂိတ်တွေမှာ ပြည်ပနိုင်ငံများမှ ဝင်ရောက် လာသူများအား မျောက်ကျောက် ရောဂါကာကွယ်ရေးအတွက် ကိုယ်အပူချိန် တိုင်း တာခြင်း၊ ပြည်ပဆိုက် ရောက် ခရီးသည်များရဲ့ ကျန်းမာရေးဆိုင်ရာအချက် အလက်များကို ကျန်းမာရေးတာဝန်ရှိသူများက စစ်ဆေးခြင်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

      လက်ရှိမှာတော့ မျောက်ကျောက်ရောဂါဟာ မြန်မာ နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ကူးစက် လူနာ တစ်ယောက် စစ်ဆေးတွေ့ရှိထားသလို ဖိလစ်ပိုင်နဲ့ ပါကစ္စတန်နိုင်ငံတို့မှာလည်း ကူးစက်လူနာတွေ တွေ့ရှိထား တယ်လို့ သိရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မျောက်ကျောက်ရောဂါကူးစက်မှုကို နိုင်ငံတကာပြည်သူ့ကျန်း မာရေး အရေးပေါ်အခြေအနေအဖြစ် ဩဂုတ်လ ၁၄ ရက်က ကြေညာခဲ့ပါတယ်။

#PAN