မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ့်ခွန်ချောင်းရေကြီးရေလျှံမှုဖြစ်ပွား


(ပြည်တွင်း)ဩဂုတ် ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မိုင်းလားလမ်း(လေယဥ်ကွင်းသွားလမ်း)နှင့် အ.ထ.က(၅)ကျောင်း၀န်းအတွင်းသို့ နမ့်ခွန်ချောင်း ရေကြီးရေလျှံဖြစ်ကာ ယနေ့ နံနက် ၃ နာရီချိန်ခန့်က စတင်၀င်ရောက်နေခဲ့ကြောင်း သိရသည်။

အဆိုပါ ချောင်းရေသည် ယနေ့နံနက် ၉ နာရိချိန်ခန့်မှစတင်ကာ တဖြေးဖြေးကျသွားလျက်ရှိပြီး လက်ရှိချိန်၌ နမ့်ခွန်ချောင်းရေများ အ.ထ.က(၅)ကျောင်းဝန်း အတွင်းသို့ စီး၀င်မှုမရှိတော့ကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN#SZ