ပြည်ပမှ စက်သုံးဆီသင်္ဘောများ ဆိုက်ကပ်လျက်ရှိပြီး ပုံမှန်ထက် တိုးမြှင့်ဖြန့်ဖြူးမှုကြောင့် စက်သုံးဆီဈေးနှုန်းများ ယခင် ထက်လျော့နည်းကျဆင်း


(ပြည်တွင်း) ဩဂုတ် ၂၄

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီသည် ပြည်တွင်းစက်သုံးဆီလက်ကျန်အခြေအ နေအရ ဖူလုံစွာဖြန့်ဖြူးနိုင်ရန်အတွက် ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများအား Shipment Plan အစီအစဉ်အတိုင်း အဆက်မပြတ်ဝင်ရောက်နိုင်ရန် အတွက်စီမံဆောင်ရွက်လျက်ရှိရာ ၂၂-၈-၂၀၂၄ ရက်နေ့တွင် ရန်ကုန်မြစ်ဝ Pilot ၌ ဆီတင်သင်္ဘော(၆)စီးရောက်ရှိ အသင့်စောင့်ဆိုင်းလျက်ရှိသည့်အပြင် သီလဝါ ဆိပ်ကမ်း ဒေသရှိ Jetty များတွင်လည်း သင်္ဘော(၄)စီးရောက်ရှိဆိုက်ကပ်၍ ဒီဇယ်ဆီ (၇၀,၀၀၀) တန်ကျော်နှင့် ဓာတ်ဆီ (၁၁,၀၀၀)တန်ကျော်အား သိုလှောင်ကန်များတွင် ချယူဖြည့်တင်းလျက် ရှိသည့်အပြင် ထပ်မံဝင်ရောက်လာမည့် ဆီတင်သင်္ဘောများလည်း အစီအစဉ်တိုင်း ဝင်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့်အပြင် တိုင်းဒေသကြီး/ပြည်နယ်များသို့ ပို့ဆောင်မည့် ဆီတင်ယာဉ် Bowser များ အချိန်မီထွက်ခွာနိုင်ရေး သီလဝါသို့လှောင်ကန်စခန်းများရှိ ဆီဖြည့်တင်းပေးမှုများ အဆင်ပြေချောမွေ့ စေရေး တို့ကိုလည်း ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံအနှံ့အပြားတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လမ်းခရီးအခြေအနေအရ စက်သုံးဆီများသယ်ယူပို့ဆောင်မှု ပုံမှန်ထက်အနည်းငယ်နှောင့်နှေးကြန့်ကြာမှုကြောင့် အဓိကအားဖြင့် နေပြည်တော်၊ ရန်ကုန်မြို့ နှင့် မန္တလေးမြို့တို့ရှိ စက်သုံးဆီ အရောင်းဆိုင်အချို့တွင် ယာဉ်တန်းစီဝယ်ယူမှုများဖြစ်ပေါ်ခြင်းအား လျော့နည်းသွားစေရန်နှင့် အရောင်းဆိုင်များတွင် ဆီပြတ်လပ်မှုမရှိစေရန်အတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ (၁၀၀)ဆိုင်ခန့်၊ ရန်ကုန်တိုင်းဒေသ ကြီးရှိ(၂ဝဝ)ဆိုင်ခန့်၊ မန္တလေးတိုင်းဒေသကြီးရှိ(၇၀၀)ဆိုင်ခန့်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ (၂၅၀)ဆိုင်ခန့်တို့အပါအဝင် နိုင်ငံအဝှမ်းအရောင်း ဆိုင် (၃,၀၀၀)ကျော်တို့သို့ ဆီတင်ယာဉ် (၁,၀၀၀)ကျော်အထိ တိုးမြှင့်ဖြန့်ဖြူးပေးလျက်ရှိပြီး လိုအပ်သည့်အရောင်းဆိုင်များသို့ အရေးပေါ် Urgent နှင့် အထူး Special အစီအစဉ်တို့ဖြင့်လည်း ထပ်တိုးဖြန့်ဖြူးခဲ့ရာ ၂၃-၈-၂ဝ၂၄ ရက်နေ့ အထိ ဓာတ်ဆီနှင့်ဒီဇယ်ဆီ စုစုပေါင်းဂါလန် (၃) သန်းခန့် ပိုမိုဖြန့်ဖြူး ပေးခဲ့သည့်အပြင် ဆီတင်ယာဉ်(Bowser)များ အရောင်းဆိုင်များသို့ အချိန်မီရောက်ရှိ ဖြည့်တင်းနိုင်မှု တို့ကြောင့် ယခုရက်ပိုင်းအတွင်း ယာဉ်တန်းစီဝယ်ယူမှုများ လျော့နည်း ကျဆင်းကာ ပုံမှန်ဝယ်ယူမှုအခြေအနေသို့ပြန်လည်ရောက်ရှိခဲ့ပြီး ဆက်လက်တိုးမြှင့် ဖြန့်ဖြူးပေးရန်စီစဉ်လျက် ရှိပါသည်။

ထို့အပြင် အရောင်းဆိုင်များတွင်ရောင်းချလျက်ရှိသည့် စက်သုံးဆီအမယ်လိုက် ဈေးနှုန်းများသည်လည်း ယမန်နေ့ထက် အသီးသီးလျော့နည်း ကျဆင်းလျက်ရှိ ကြောင်းနှင့် ပြည်ပမှစက်သုံးဆီများ အဆက်မပြတ်ဝင်ရောက်လျက်ရှိပြီး ကောလ ဟလ များကြောင့် အများပြည်သူများ လိုအပ်သည်ထက်ပိုမို၍ ဝယ်ယူမှုများ ပြားသည့်အတွက် လိုအပ်သလောက်သာဝယ်ယူကြရန်နှင့် အရေးကြီးအသုံးများသည့်အရောင်းဆိုင် များသို့လည်း ပုံမှန်ဖြန့်ဖြူးမှုထက် ပိုမိုဖြန့်ဖြူးပေးလျက် ရှိကြောင်း သတင်းရရှိပါသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ