နေပြည်တော်ရှိ မြို့နယ်များတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေနစ်မြုတ်မှုဖြစ်ပွား


(ပြည်တွင်း)ဩဂုတ် ၂၃

နေပြည်တော်၊ ဇေယျာသီရိမြိုနယ်၊ စည်ပင်ကြီးအုပ်စု၊ ချောင်းကမ်းကြီးကျေးရွာနှင့် စည်ပင်ကြီးကျေးရွာ၊ ညောင်ပင်ကြီးကျေးရွာ များတွင် ယမန်နေ့ညက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်ပေါင်းလောင်းမြစ်ချောင်းနှင့် ငလိုက်ချောင်း၊ ဆင်သေချောင်းရေများ ရေကြီးရေလျှံမှုဖြစ်ပွားကြောင်း သိရသည်။

အဆိုပါ ပေါင်းလောင်းမြစ်ကမ်းဘေးရှိ ကျေးရွာတွင်ရေများဝင်ရောက်ခြင်း၊ စပါးသီနှံ ယာသီနှံစိုက်ခင်းများ ရေနစ်မြုတ်လျက်ရှိကြောင်း သိရသည်။

အလားတူ ပျဉ်မနားမြို့နယ် ငလိုက်ချောင်းအနီးရှိ မြို့ပေါ်ရပ်ကွက်များ မိုးအဆက်မပြတ်ရွာသွန်းခဲ့သည်အတွက် ငလိုက်ချောင်းရေမြင်တက်လာသဖြင့် ရပ်ကွက်အတွင်း နေအိမ်များ ရေများဝင်ရောက်လာသဖြင့် အကူညီများ လိုအပ်နေကြောင် သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN#SZ