ကျောက်တံခါးကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှုးအား အကြမ်းဖက် PDF အဖွဲ့မှ သတ်ဖြတ်


(ပြည်တွင်း) ဩဂုတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်တံခါးကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှုးအား အကြမ်းဖက် PDF အဖွဲ့မှ သတ်ဖြတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့ ညနေ ၅နာရီ ၃၀ မိနစ်အချိန်ခန့်က အုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ အသက် ၅၁နှစ်၊ (ဘ)ဦးရွှေရင်(ယခင် ပြည်ခိုင်ဖြိုးပါတီ၊ ရပ်ကျေးဥက္ကဌ) သည် နေအိမ်မှ ၎င်း၏ယာခင်းသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်း သွားရောက်စဥ် ယာခင်းအနီးအရောက်တွင် အကြမ်းဖက် PDF ၆ ဦးခန့်က သေနတ်အတို/အရှည်များ ကိုင်ဆောင်ပြီး ဦးဝင်းအောင်၏ ဆိုင်ကယ်အား ရပ်တန့်စေ၍ ဦးဝင်းအောင်အား ဖမ်းဆီးကာ ကျောက် တံခါးကျေးရွာ၏ မြောက်ဘက်ရှိ လယ်ကြီး(မြောက်)ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

အဆိုပါ အကြမ်းဖက် PDF အဖွဲ့ ၆ ဦးခန့်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ဦးဝင်းအောင်၏ ရုပ်အလောင်းအား ယနေ့နံနက် ၈ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် ကျောက်ပန်းတောင်းမြို့၏ အရှေ့မြောက်ဘက် မြောက်တောကျေးရွာအနီးတွင် နောက်ကျော ထိုးသွင်းဒဏ်ရာ ၇ ချက်ဖြင့် သေဆုံးလျက်တွေ့ရှိကြောင်း သိရသည်။

Telegram»…https://t.me/positiveanglenews

PAN

ZN #SZ