အဲကွန်းရဲ့ ကျန်းမာရေး ဆိုးကျိုးတွေ”


(ကျန်းမရေး) ဩဂုတ် ၂၃

အဲကွန်းရှိတဲ့ အခန်းထဲမှာ ကြာကြာနေတဲ့ အခါ ခေါင်းကိုက်တာတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေ ခံစားရတတ်ပါတယ်။ အဲကွန်းခန်းထဲမှာ နေထိုင် အလုပ် လုပ်ကိုင်တဲ့သူ တွေဟာ နာတာရှည် ခေါင်းကိုက်ဝေဒနာနဲ့ ပန်းလျနွမ်းနယ်တာတွေ ခံစားရနိုင်ပါသတဲ့။

အအေးဒဏ်ကြောင့် နှာခေါင်းနဲ့ ပါးစပ်တွေက ချွဲ သလိပ် နှပ်ရည်တွေ ထွက်လာပြီး အသက်ရှူ လမ်းကြောင်းကို ပိတ်ဆိုတာတွေ ဖြစ်စေပြီး အသက်ရှူမဝတာမျိုး ဖြစ်စေနိုင်ပါတယ်။

အသက်ရှူမဝတဲ့ အခါ သင့်ခန္ဓာကိုယ် အတွက် အရေးတကြီး လိုအပ်တဲ့ အောက်စီဂျင် မပြည့်မဝ ဖြစ်လာပြီး ခုခံအား နည်းစေနိုင်ပါတယ်။ အားနည်းလာတဲ့ အခါ တုပ်ကွေးရောဂါ အပါအဝင် အခြား ရောဂါတွေလည်း ဝင်လာနိုင်ပါတယ်။

အသားအရည်ကိုလည်း ခြောက်သွေ့စေပါတယ်။ လက်တွေ အစိုဓာတ် ခန်းခြောက် လာမယ်၊ နောက်ပြီး သင့်ရဲ့ နှုတ်ခမ်း လွှာတွေ သွေ့ခြောက်လာလို အစိုဓာတ် ရစေဖို မကြာခဏ လျှာနဲ့ လျက်နေ ရတယ် ဆိုရင် သတိထားပါ။

သင့်ဝန်းကျင်ကို အေးမြစေတဲ့ အဲကွန်းက ထွက်လာတဲ့ လေအေးတွေက သင့်ရဲ့ အရေပြားကို ခြောက်သွေ့ စေတာပါ။ အရေပြားတွေ ခြောက်သွေ့ လာပြီ ဆိုရင် မကြာခင် ကြမ်းရှလာမှာ ကွဲအက်လာမှာ ဖြစ်ပါတယ်။

အသက်ရှူလမ်းကြောင်း ဆိုင်ရာ ပြသနာတွေ လည်းဖြစ်တတ်ပါတယ်။ အဲကွန်းက ခန္ဓာကိုယ် အတွင်း အဏုဇီဝရုပ်ကို ပြောင်းလဲ သွားစေပြီး ကျန်းမာရေး အတွက် ဆိုးကျိုးတွေ ရစေပါတယ်။

အထူးသဖြင့်တော့ လေထဲက ရောဂါပိုးမွှားတွေ ဥပမာအားဖြင့် ဘက်တီးရီးယား ပိုးမွှားတွေ၊ ကူးစက်လွယ် ရောဂါပိုးတွေက နမိုးနီးလို ခေါ်တဲ့ နာတာရှည် အဆုတ်ရောင် ရောဂါ ဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် နာတာရှည်ရောဂါတွေလည်း ခံစားရစေနိုင်ပါတယ်။ အဲကွန်းက ဖန်တီးထားတဲ့ အအေးဓာတ်က သွေးပေါင်ကျတာမျိုးတွေ၊ အဆစ်မြစ်ရောင်ရောဂါမျိုးတွေ၊ အာရုံကြောရောင် ရောဂါတွေ ဖြစ်စေတတ်ပါတယ်။

ပြီးတော့ အဲကွန်းထဲမှာ အချိန်အများကြီး နေထိုင်မယ် ဆိုရင်တော့ သင့်ရဲ့ နာဗ်ကြောနဲ့ သွေးကြောမျှင်တွေကို အအေးဓာတ်က ကျုံစေတာကြောင့် ဦးနှောက်နဲ့ အာရုံကြော ဆိုင်ရာ ရောဂါတွေလည်း ဖြစ်စေနိုင်ပါတယ်။

အဲကွန်းခန်းထဲမှာ အချိန်အကြာကြီး နေနေခဲ့တဲ့ သူဟာ အပြင်ထွက်တဲ့ အခါ ရုတ်တရက် ချက်ချင်း မထွက်လိုက်ပါနဲ့။ ဘာကြောင့်လဲ ဆိုတော့ အအေးနဲ့ အကြာကြီး ထိတွေ့ခဲ့တဲ့ သင့် ခန္ဓာကိုယ်က အအေးနဲ့ လိုက်လျော ညီထွေ ဖြစ်အောင် တုံပြန်ပေးနေချိန်မှာ ရုတ်တရက် အပူထဲကို ရောက်သွားတဲ့ တုံပြန်လုပ်ဆောင်မှုတွေ ပျက်ယွင်းပြီး ရှော့ဖြစ်ပြီး လေဖြတ်ခြင်း၊ သွေးလည်ပတ်မှု ပျက်ယွင်းခြင်း အပါအဝင် အသက်သေဆုံးတဲ့ အထိ ဖြစ်တတ်ပါတယ်။

ထို့အတူပါပဲ အပူထဲမှာ အကြာကြီး ရှိနေတဲ့သူဟာ အအေးခန်းထဲကို ရုတ်တရက် မဝင်မိဖို့ ပထမဆုံး သတိပြုပေးဖို့ လိုအပ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ