အိန္ဒိယဝန်ကြီးချုပ် မိုဒီ ယူကရိန်းသို့ရောက်ရှိနေ


(နိုင်ငံတကာ) ဩဂုတ်၂၃

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ ယူကရိန်းနိုင်ငံသို့ရောက်ရှိနေကြောင်း သိရသည်။ ရုရှားသမ္မတပူတင်နှင့် တွေ့ဆုံပြီး ရက်သတ္တပတ်အနည်းအငယ်အကြာတွင် မိုဒီသည် ကိယဗ်သို့ရောက်ရှိလာခြင်းဖြစ်သည်။

ယခုခရီးစဉ်သည် ယူကရိန်းနိုင်ငံထူထောင်ပြီးနောက် ပထမဦးဆုံးရောက်ရှိသည့် အိန္ဒိယခေါင်းဆောင်တစ်ဦး၏ ခရီးစဉ်လည်းဖြစ်သည်။

အိန္ဒိယသည် ရုရှားနိုင်ငံအား နိုင်ငံတကာမှ ဒဏ်ခတ်ပိတ်ဆို့မှုများပြုလုပ်နေသော်လည်း အိန္ဒိယနိုင်ငံအနေဖြင့် ရုရှား၏ အဓိကကုန်သွယ်မှုအခန်းကဏ္ဍတွင် ဆက်လက်တည်ရှိနေသည်။

မိုဒီသည် ယူကရိန်းသမ္မတ ဇယ်လန်းကီးနှင့်တွေ့ဆုံပြီး ရုရှားနှင့် ယူကရိန်း နှစ်နိုင်ငံကြားမှ ပဋိပက္ခများအား သံတမန်နည်းဖြင့် ဖြေရှင်းနိုင်ရေးဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ