ရိုးရာဖိုက်တာ(၅)ဦးပါဝင်လာတဲ့ ONE Lumpinee 76 ပွဲစဉ်များ ယနေ့ ယှဉ်ပြိုင်ထိုးသတ်မည်

ဩဂုတ် ၂၃

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်မည့် ONE Lumpinee 76 ပွဲစဉ်ကို ယနေ့ ညနေပိုင်းအချိန်တွင် ရိုးရာဖိုက်တာ(၅)ဦးဖြစ်သည့် သန့်ဇင်၊ သွေးလင်းထက်၊ ထွန်းမင်းနိုင်၊ အဲမွီနှင့် စောစံမြတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်‌ပါတယ်။
ရိုးရာဖိုက်တာ (၅)ဦးအနက် သန့်ဇင်၊ သွေးလင်းထက်၊ ထွန်းမင်းနိုင်တို့မှာ ထိုင်းဖိုက်တာများဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဲမွီနှင့် စောစံမြတို့မှာ ဂျပန်ဖိုက်တာများဖြင့် ရင်ဆိုင်ကြရမည်ဖြစ်ပါတယ်။
အဆိုပါ ပွဲစဉ်အတွင်း ရိုးရာဖိုက်တာ(၅) ဦးလုံး ရှုံးပွဲမရှိ အနိုင်ရရှိခဲ့ပါက ရိုးရာမောင်တို့၏ သမိုင်းတလျှောက် အထူးခြားဆုံး အောင်မြင်မှုဖြစ်လာမည်ဟု သုံးသပ်ကြပါတယ်။