မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တာချီလိတ်တွင် တတိယအကြိမ် ရေကြီးရေလျှံမှု ဖြစ်ပွား


(မိုးလေဝသ) ဩဂုတ် ၂၃

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေ ထပ်မံမြင့်တက်လာပြီး ဩဂုတ်လ ၂၂ ရက် နံနက်ပိုင်းမှ စပြီး တာချီလိတ်မြို့မှာ တတိယအကြိမ်အဖြစ် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ တာချီလိတ်မြို့၊ ရပ်ကွက်အချိုရှိ လူနေအိမ်များနှင့် လမ်းများပေါ်မှာ ရေဝင်ရောက်လျက်ရှိပြီး သွားလာရခက်ခဲတဲ့ အခြေအနေသို့ ရောက်ရှိနေကြောင်း သိရပါတယ်။

သြဂုတ်လ ၂၁ ရက်မှ ၂၄ ရက်အထိ ရှမ်းပြည် နယ်‌တောင်ပိုင်းရှိ မြို့အချိုနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ်နှင့် ကျိုင်းတုံဒေသတို့တွေမှာ မိုးများစွာရွာနိုင်ပြီး မိုးကြီးရေလျှံသတိပြုကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန် ထားသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ