မိုင်းပျဥ်းမြို့နယ်နှင့် မက်မန်းမြို့နယ်တို့အား ချိတ်ဆက်ထားသည့် သံဘေလီတံတား ချောင်းရေမြှင့်တက်မှုကြောင့် ပျက်ဆီး


(ပြည်တွင်း)ဩဂုတ် ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဥ်းမြို့နယ်၊ ၀မ်တာခက်ကျေးရွာအုပ်စု၊ ၀မ်တာခက်ကျေးရွာနှင့် မက်မန်းခရိုင်၊ မက်မန်းမြို့နယ်ကို ချိတ်ဆက်ထားရှိသော သံဘေလီတံတားသည် ယမန်နေ့ ညနေ ၅ နာရီ၀န်းကျင်ချိန်ခန့်က ချောင်းရေမြှင့်တက်မှုကြောင့် တံတားအောက်ခြေရှိ အလယ်တိုင်များ ရေစီးနှင့်အတူ မျောပါသွားခဲ့ကြောင်း သိရသည်။

အဆိုပါ တံတားပျက်ဆီးမှုကြောင့် တာ၀န်ရှိသူများမှဖြတ်သန်းသွားလာခွင့် ပိတ်ထားလိုက်ရကြောင်း၊ ယခုလက်ရှိအချိန်ထိတွင် ကျန်ရှိနေသော တိုင်များနင့် တံတား၏အစိတ်အပိုင်းများ ထပ်မံမျောပါမှုမ‌ရှိသေးကြောင်း အလယ်တိုင်များ မျောပါသွားသောကြောင့် တံတားကြံ့ခိုင်မှုအတွက် စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ