မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Mpox(မျောက်ကျောက်) ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းအား အရှိန်အဟုန်မြှင့် ဆောင်ရွက်


(ပြည်တွင်း) ဩဂုတ် ၂၃

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့တွင် Mpox (မျောက်ကျောက်)ရောဂါကူးစက်မှုအား နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရောဂါဖြစ်ပွားနိုင်ခြေသတ်မှတ်ချက်အရ Mpox (မျောက်ကျောက်)ရောဂါသည် မြန်မာနိုင်ငံတွင် ကူးစက်ဖြစ်ပွားနိုင်ခြေနည်းပါးသော်လည်း အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများတွင် ကူးစက်ဖြစ်ပွား မှုများရှိနေသဖြင့် ကျန်းမာရေးဝန်ကြီးဌာနသည် Mpox(မျောက်ကျောက်) ရောဂါကာကွယ်ရေးအတွက် အပြည်ပြည်ဆိုင်လေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဝင်ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုအားနှီးနွှယ် ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ လူနာတွေ့ရှိပါက ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် သီးခြားလူနာဆောင်များ၊ လိုအပ်သော ဆေးနှင့် ဆေးပစ္စည်းများ အသင့်ပြင်ဆင်ထားရှိခြင်း။ ပြည်သူလူထုအတွင်း ရောဂါကာကွယ်ရေးနည်းလမ်းများအား ကျန်းမာရေးအသိပညာပေးခြင်းတိုအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင် ဦးဆောင်သောအဖွဲသည် ယမန်နေ့နံနက်ပိုင်းက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ပူးပေါင်းညှိနှိင်းရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းလင်းအောင်၊ လေဆိပ်ကျန်းမာရေးဌာနခွဲမှ တာဝန်ခံဆရာဝန်များ၊ တံတားဦးမြိုနယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးတိုနှင့်အတူ လေဆိပ်ဝင်ပေါက်တွင် Mpox(မျောက်ကျောက်) ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးနှင့်သံသယလူနာတွေ့ရှိပါက လေဆိပ်တွင် ခေတ္တ isolation ထားရှိနိုင်မည့်နေရာ ပြင်ဆင်ထားရှိမှုနှင့် လွှပြောင်းဆေးရုံအဖြစ် သတ်မှတ်ထားရှိသော မန္တလေးပြည်သူ့ဆေးရုံကြီးသို စနစ်တကျလွှပြောင်းနိုင်ရေး စသည့် Mpox(မျောက်ကျောက်) ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းအစီအမံများနှင့် စပ်လျဉ်း၍ ညှိနှိင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ Mpox(မျောက်ကျောက်)ရောဂါလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့ခြင်း(သိုမဟုတ်) ရောဂါသံသယလက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပေးပို၍ လိုအပ်သောစစ်ဆေးစမ်းသပ်မှုများနှင့်ကုသမှုခံယူရန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ