တိုင်းဒေသကြီးနှင့်ပြည်နယ်များမှာ မိုးထစ်ချုန်းဆက်လက်ရွာသွန်းဦးမည်


(မိုးလေဝသ) ဩဂုတ် ၂၃

ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်းနေတဲ့အတွက် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အပါဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံမှာ မိုးထစ်ချုန်း ရွာနေဦးမယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန် ချက်အရ သိရပါတယ်။

အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)ဟာ ဆက်လက်တည်ရှိနေပြီး အနောက်ဘက်သို့ ဆက်လက်ရွေ့လျား နိုင်ကာ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကို ဖြတ်ကျော်နိုင်တယ်လို့ ခန့်မှန်းထားပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားအသင့်အတင့် ရှိနေတယ်လို့ သိရပါတယ်။

ဒါကြောင့်နောက် ၂ ရက် အတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်းလာမည်ဖြစ်ပြီး နေပြည်တော်နှင့် ရန်ကုန်၊ မန္တလေး အနီးတစ်ဝိုက် မိုးအသင့်အတင့် ထစ်ချုန်းရွာမည်ဖြစ်ကာ ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ