ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးသဘောတူရန် အချိန်ပြီဟု ကာမယ်လာဟဲရစ်ပြော


(နိုင်ငံတကာ) ဩဂုတ်၂၃

အမေရိကန် ဒုတိယသမ္မတ ကာမယ်လာဟဲရစ်သည် ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုပြီးမြောက်ချိန်ရောက်ပြီဟုဆိုသည်။

ချီကာဂိုတွင်ပြုလုပ်ခဲ့သည့် ဒီမိုကရက်တစ် အမျိုးသားကွန်းဖရန့်၏နောက်ဆုံးရက်တွင် ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဓားစားခံသဘောတူညီချက်နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပြီးမြောက်ဖို့ အချိန်ရောက်ပြီ”ဟု ၎င်းကဆိုသည်။

ဟဲရစ်သည် အစ္စရေး၏ ခုခံကာကွယ်ခွင့်ကို ထောက်ခံကြောင်းပြောဆိုခဲ့သည့်သူလည်းဖြစ်ပြီး ချီကာဂိုကါန်းဖရန့် ကျင်းပနေချိန်တွင်လည်း ပါလက်စတိုင်းလိုလားသူများ၏ ဆန္ဒပြခြင်းကိုလည်း ခံခဲ့ရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ