PDF ကိုဇွဲ ကျားဖြူကနေ နှုတ်ထွက်ပြီ


(ပြည်တွင်း) သြဂုတ် ၂၂

ကော့ကရိတ်မြို့နယ်၊ မြောက်ဘက်ပိုင်းနှင့် တောင်ဘက်ပိုင်းတွင် အခြေပြုလူပ်ရှားနေသော စောကျော်သက် လက်အောက်ခံ အကြမ်းဖက်သောင်းကျန်းသူ ကျားဖြူစစ်ကြောင်းမှ စစ်ကြောင်းမှူးဖြစ်သူ ရဲဘော်မန်းဇွဲ (ခ) ဇွဲဟိန်းခန့်ခေါ် ကိုဇွဲသည် ကျားဖြူစစ်ကြောင်းမှ နူတ်ထွက်သွားပြီဖြစ်ကြောင်း သိရသည်။

စစ်ကြောင်းမှူးဖြစ်သူ ရဲဘော်မန်းဇွဲ(ခ)ဇွဲဟိန်းခန့်ခေါ် ကိုဇွဲသည် ကျားဖြူစစ်ကြောင်းမှ နူတ်ထွက်ခွင့်ပြုရန်တင်ပြထားရာမှ ယမန်နေ့ သြဂုတ် ၂၁ ရက်နေ့တွင် စစ်ကြောင်းမှနူတ်ထွက်ခွင့်ပြုခဲ့ကြောင်း သိရသည်။

ရာထူးလိုချင်သောစကား၊ NUG အစိုးရကိုစောကားတဲ့စကားပြောဆိုခဲ့တဲ့အပြင် ရန်သူကိုသတင်းပေးတာ၊ KNU တပ်မဟာ ၁၊ ၃၊ ၅ ကို စောကားတာ စတဲ့စွပ်စွဲချက်တွေကြောင့် ကျားဖြူစစ်ကြောင်းမှ နူတ်ထွက်ရခြင်း ဖြစ်ကြောင်း စစ်ကြောင်းမှူးဖြစ်သူ ရဲဘော်မန်းဇွဲ ခေါ် ဇွဲဟိန်းခန့် ခေါ် ကိုဇွဲ မှပြောဆိုထားသည်။

KNU တပ်မဟာ ၁၊ ၃၊ ၅ ကို ဘာကြောင့်စောကားသလဲ၊ မင်း Live မလွှင့်နဲ့ကွာ စတဲ့ပုဂ္ဂိုလ်ရေးစောကားမှုတွေကို NUG လက်အောက်ခံ PDF ၏ ဒုတိယစစ်ဦးစီးချုပ်ဆိုသူမှ မူးယစ်သောက်စားပြီးလာရောက်ပြောဆိုသဖြင့် PDF ကနေ နှုတ်ထွက်​ခဲ့ခြင်းဖြစ်သည်ဟု ဇွဲဟိန်းခန့်၏ပြောဆိုချက်တွင်ပါရှိသည်။

ကျားဖြူစစ်ကြောင်းမှူးဖြစ်သူ ရဲဘော်မန်းဇွဲ ခေါ် ဇွဲဟိန်းခန့် နှုတ်ထွက်မူသည် ကော့ကရိတ်တွင်လူပ်ရှားနေသော အကြမ်းဖက်သောင်းကျန်းသူစစ်ကြောင်းများထံ ဂယက်ရိုက်ခတ်မှုရှိနေပြီး အချင်းချင်းမညီညွှတ်မူစိတ်ဝမ်းကွဲမှုများဖြစ်ပေါ်နေသကဲ့သို့ ဒေသခံမဟုတ်သော PDF များမှ မိမိဒေသသို့ ပြန်သွားကြသည့်ဖြစ်ရပ်များလည်း ရှိနေကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ