ဟုမ္မလင်းမြို့နယ် လောင်းမင်းကျေးရွာအနီး အကြမ်းဖက် PDF များ၏ ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရရှိ


(ပြည်တွင်း) ဩဂုတ် ၂၂

ယမန်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ လောင်မင်းကျေးရွာအနီး ချင်းတွင်းမြစ်ကြောင်းသွားရေယာဉ်များမှ လုံခြုံရေးအဖွဲ့များနှင့် အကြမ်းဖက် PDF များ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်း ထိတွေ့တိုက်ပွဲမှ လက်လုပ်မိုင်း ၁၁ လုံး၊ ဆိုင်ကယ်မျိုးစုံ ၅ စီးတို့ကို သိမ်းဆည်းရရှိကြောင်း သိရှိရပါသည်။

ယနေ့ နံနက်ပိုင်းအချိန်တွင်လည်း စစ်ကိုင်းမြို့ ၊ ဒါးဝယ်ဈေးရပ်ကွက်ရှိ အ.မ.က(၈)စာသင်ကျောင်းအနီးတွင် အကြမ်းဖက် PDF အဖွဲ့များမှ ထောင်းထားသော မိုင်း ၁ လုံးကိုတွေ့ရှိရ၍ လုံခြုံရေးအဖွဲ့များက အောင်မြင်စွာ ဖယ်ရှားရှင်းလင်းနိုင်ကြောင်း သိရသည်။

အကြမ်းဖက် PDF အဖွဲ့များသည် စစ်ရေးနှင့်မသက်ဆိုင်သော ‌စာသင်ကျောင်းများ၊ လမ်းတံတားများ၊ မြို့ရွာများကို နည်းမျိုးစုံအသုံးပြု၍ ဖျက်ဆီလာရာ ဒေသတွင်းပြည်သူများမှ ရွံရှာမုန်းတီးလာ၍ လုံခြုံရေးအဖွဲ့စည်းများထံသို့ လျှိုဝှက်သတင်းပေးပို့များ ပိုမိုများလာကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ