သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ကျေးရွာ‌နေပြည်သူ ၁ ဦး အကြမ်းဖက်သမားများ၏ မိုင်းစထိမှန် ဒဏ်ရာရရှိ


(ပြည်တွင်း) ဩဂုတ် ၂၂

ယနေ့ နံနက် ၉ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် အကြမ်းဖက် PDF အဖွဲ့မှ ထောင်ထားသော လက်လုပ်တိုက်မိုင်း ၁ လုံးနင်းမိ၍ သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ကျေးရွာ‌ နေ ပြည်သူ ၁ ဦး မိုင်းစထိမှန်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရွာသား ၁ ဦးဖြစ်သူ စိုးသန်း၊ အသက် ၃၀ နှစ်၊ (ဘ)ဦးသက်ဂမုန်း ဆိုသူသည်နေအိမ်မှ ထင်းခုတ်ရန်ထွက်ခွာသွားခဲ့ရာ သံဖြူဇရပ်မြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စု၊ ရဲတံခွန်ကျေးရွာ၊ ဘုန်းကြီးကျောင်းအနီး ပိုင်ရှင်အမည်မသိ ရာဘာခြံအရောက်တွင် အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် လက်လုပ်တိုက်မိုင်း ၁ လုံးကို တိုက်မိ ပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် ဝဲ/ယာ ခြေထောက်နှစ်ဖက်တွင် မိုင်းစထိမှန်ဒဏ်ရာများ၊ ဝဲဘက် ဒူးခေါင်းအတွင်း မိုင်းစ ပေါက်ဝင်ဒဏ်ရာ၊ ဝဲဘက် လက်ချောင်းများ၌ မိုင်းစထိမှန် ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ပြီး သံဖြူဇရပ်ပြည်သူ့ဆေးရုံမှတဆင့် မော်လမြိုင်ဆေးရုံသို့ လွှဲပြောင်း ပေးကာ ဆေးကုသမှုခံယူနေကြောင်း ဒေသသတင်းအရင်းမြစ်ထံမှ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

GE #SZ