ရုရှားသမ္မတပူတင် ၁၃ နှစ်အတွင်း ချေချင်းညာဒေသသို ပထမဆုံးအကြိမ်သွားရောက်


(နိုင်ငံတကာ) သြဂုတ် ၂၂

ရုရှားသမ္မတ ပူတင် သည် ၁၃ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ချေချင်းညာဒေသသို့ ဩဂုတ်လ ၂၀ ရက်တွင် သွားရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်အတွင်း ရုရှားသမ္မတ ပူတင်သည် ချေချင်းညာဒေသခေါင်းဆောင် ရန်ဇန်ကာဒီရော့ဗ် နှင့်အတူ ယူကရိန်းစစ်မြေပြင် သွားရောက်ရေးအတွက် ပြင်ဆင်နေသော ချေချင်းညာတပ်ဖွဲ့ဝင်များနှင့် အပျော်တမ်း တပ်ဖွဲ့ဝင်များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း ကရင်မလင်နန်းတော်က သတင်းထုတ်ပြန်ထားသည်။

ရုရှားနိုင်ငံအနောက်ပိုင်း ခု(စ်)နယ်မြေကို ယူကရိန်းတပ်ဖွဲ့ဝင်များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရက်သတ္တပတ် နှစ်ပတ်အကြာတွင် ချေချင်းညာဒေသသို့ ရုရှားသမ္မတ ပူတင် သွားရောက်ခဲ့ခြင်းဖြစ်သည်။

ချေချင်းညာခရီးစဉ်အတွင်း သမ္မတ ပူတင်သည် ချေချင်းညာဒေသ၊ ဂူဒါမက်မြို့ရှိ ရုရှားအထူးတပ်ဖွဲ့ လေ့ကျင့်ရေးတက္ကသိုလ်၌ ယူကရိန်းသို့စစ်ထွက်ရန် ပြင်ဆင်နေသော ချေချင်းညာတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း ကရင်မလင်နန်းတော် သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယူကရိန်းစစ်ရေးပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၂ ခုနှစ်မှစ၍ ယင်းစစ်ပွဲတွင် ချေချင်းညာတပ်ဖွဲ့ဝင်ဦးရေ ၄၇,၀၀၀ ကျော်ပါဝင်တိုက်ခိုက်ခဲ့ပြီး ၎င်းတပ်ဖွဲ့ဝင်များအတွင်း အပျော်တမ်းတပ်ဖွဲ့ဝင်ဦးရေ ၁၉,၀၀၀ ခန့်လည်း ပါဝင်သည်ဟု ချေချင်းညာခေါင်းဆောင် ကာဒီရော့ဗ် က ပြောကြားထားကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ