(မှုခင်း) ဩဂုတ် ၂၂
နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြိုနယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ CL-2၊ တိုက်(၁၀)၊ အခန်း(၁၄)တိုက်ခန်းအတွင်းဝင်ရောက်၍ ငွေများခိုးယူခံရကြောင်း သိရှိရသည်။
ဇမ္ဗူသီရိမြိုနယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ CL-2၊ တိုက်(၁၀)၊ အခန်း(၁၄)နေ ဒေါ်ဝင်းဝင်းမော်၊ အသက် ၅၃နှစ်သည် ဩဂုတ် ၁၉ ရက် ည ၇ နာရီခွဲတွင် ရုံးမှနေအိမ်တိုက်ခန်းသို့ ပြန်လည်ရောက်ရှိစဉ် အိပ်ခန်းရှိ ဗီရိုအတွင်းထား ရှိသော ငွေကျပ်ရောရာ ၄၈,၅၈၀,၀၀၀ အနက် ငွေကျပ် ၈၀,၀၀၀ ကိုသာ တွေ့ရှိရပြီး ငွေ ၄၈၅ သိန်းကျပ်မှာ ပျောက်ဆုံးနေသဖြင့် ခိုးယူသွားသူအား စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် တိုင်တန်းချက်အရ ဇမ္ဗူသီရိမြိုနယ်၊ အမှတ်(၉) နယ်မြေရဲစခန်း (ပ)၃၈/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်လှစ်စုံစမ်းခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြစ်မှုကျူးလွန်သူအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် အခင်းဖြစ်ရပ်မှတ်တမ်းများ စစ်ဆေးခြင်း၊ ၎င်းတိုက်တွင် ဧည့်စိမ်းရောက်ရှိနေထိုင်မှု ရှိ/မရှိတို့ကို စစ်ဆေးခြင်းတို့ဆောင်ရွက်ခဲ့ရာ CL-2၊ တိုက်(၁၀)၊ အခန်း(၀၄)နေ စန်းစန်းမော်၊ အသက် ၃၈ နှစ်၏ နေအိမ်တိုက်ခန်းတွင် အစ်ကိုဝမ်းကွဲဖြစ်သူ တင်ထွေး၊ အသက် ၄၀နှစ်၊ ရောက်ရှိနေထိုင်လျက်ရှိကြောင်း သိရှိရ၍ စန်းစန်းမော်နှင့် တင်ထွေးတို့ကို ခေါ်ယူစစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ စန်းစန်းမော်သည် အစ်ကိုဝမ်းကွဲဖြစ်သူ တင်ထွေးအား အခန်း(၁၄)နေ ဒေါ်ဝင်းဝင်းမော်၏ တိုက်ခန်းအတွင်း ငွေများဝင်ရောက်ခိုးယူရန် စေခိုင်းသဖြင့် ဩဂုတ် ၁၉ ရက် နံနက် ၁၀ နာရီ ၄၅ မိအချိန်ခန့် နစ်တွင် အဆိုပါတိုက်ခန်းအတွင်း လူမရှိချိန်၌ အခန်းတံခါးသော့ဖျက် ဝင်ရောက်ကာ ငွေ ၄၈၅ သိန်းကျပ် ခိုးယူခဲ့ပြီး စန်းစန်းမော်နှင့်အတူ CL-4 တိုက် နောက်ကျောဘက်ရှိ ခြုံထဲတွင် ကျွတ်ကျွတ်အိတ် အစိမ်းရောင်ဖြင့် ထုတ်၍ ဝှက်ထားကြောင်း သိရှိရ၍ သက်သေခံပစ္စည်းများအား သက်သေများနှင့်အတူ သိမ်းဆည်းခဲ့သည်။
ဖြစ်စဉ်တွင် တိုက်ခန်းအတွင်းဝင်ရောက်၍ ငွေများခိုးယူသူ တရားခံ တင်ထွေးနှင့် စန်းစန်းမော်တို့နှစ်ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲဝင်များက ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews