အမေရိကန်က တောင်ကိုရီးယားနိုင်ငံကို ဒေါ်လာ ၃ ဘီလီယံခွဲတန်ဖိုးရှိ အပါချီရဟတ်ယာဉ် ၃၆ စင်း ဝယ်ယူ ခွင့်ပြု


(နိုင်ငံတကာ) ဩဂုတ် ၂၁

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန က တောင်ကိုရီးယားနိုင်ငံကို ဒေါ်လာ ၃ ဘီလီယံခွဲတန်ဖိုးရှိ အပါချီ ရဟတ်ယာဉ် ၃၆ စင်း ဝယ်ယူခွင့်ပြုလိုက်ပြီဖြစ်သည်။

အဆိုပါ ဝယ်ယူခွင့်ပြုသည့် စာရင်းတွင် အပါချီ ရဟတ်ယာဉ် ၏ဆက်စပ်ပစ္စည်းများအပြင် တွဲဖက်အသုံးပြုသည့် ဒုံးကျည်များလည်း ပါဝင်သည်။

ယခုကဲ့သို့ ရောင်းချပေးမှုသည် တောင်ကိုရီးယားနိုင်ငံအနေဖြင့် မျက်မှောက်ကာလနှင့်အနာဂတ်ကာလတိုတွင် တွေ့ကြုံရမည့် အန္တရာယ်များကို ချေမှုန်းနိုင်စွမ်းတိုးတက်စေမည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ ရောင်းချ ပေးမှု သဘောတူညီချက်များအတွက် ဘိုးအင်းကုမ္ပဏီနှင့် လောဟိမာတင်ကုမ္ပဏီတိုက တာဝန်ယူထုတ်လုပ်ပေး သွားရမည်ဖြစ်သည်။

အမေရိကန်နှင့်တောင်ကိုရီးယားတိုက Ulchi Freedom Sheild အမည်ရှိ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို စတင်လုပ်ဆောင်သော ဩဂုတ်လ ၁၉ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ရဟတ်ယာဉ်များ ရောင်းချပေးရန် သဘောတူကြောင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

အဆိုပါရဟတ်ယာဉ်များသည် ဘိုးအင်း ကုမ္ပဏီထုတ် အဆင့်မြင့်ဘက်စုံသုံးတိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြစ်ပြီး စစ်မြေပြင်တွင် နာမည်ကောင်းများ ရရှိထားသော စစ်ဘက်သုံးရဟတ်ယာဉ်တစ်မျိုးဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ