အကြမ်းဖက် PDF အဖွဲ့များက ပြည်ခိုင်ဖြိုးပါတီ၀င် တစ်ဦးအား အ‌‌ကြောင်းမဲ့သတ်ဖြတ်


(ပြည်တွင်း) ဩဂုတ် ၂၁

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ပြလို့အခြေစိုက်၊ ဆင်တုပ်ကျေးရွာအုပ်စု၊ အင်တောသာကျေးရွာတွင် ယမန်နေ့ည ၈ နာရီအချိန်ခန့်တွင် အကြမ်းဖက် PDF အဖွဲ့က ပြည်ခိုင်ဖြိုးပါတီ၀င် တစ်ဦးအား လာရောက်သတ်ဖြတ်သွားကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် အင်တောသာကျေးရွာသို့ အကြမ်းဖက် PDF အဖွဲ့ဝင် ၇ ဦးမှ သေနတ်ပစ်ဖောက်၍ ရွာအတွင်း၀င်ရောက်လာပြီး ဦးအောင်လှကြည်၊ အသက် ၆၃ ခန့် ၊ (ဘ)ဦးတိုးကြီး(ပြည်ခိုင်ဖြိုးပါတီ၀င်)အား သေနတ်ဖြင့်ပစ်၍ အကြောင်းမဲ့သတ်ဖြတ်သွားကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် PDF အင်အား (၁၀၀)ခန့်သည် ဆင်တုပ်ကျေးရွာအုပ်စု၊ ကန်စွန်းအင်းကျေးရွာအနီးတစ်ဝိုက်တွင် အ ခြေချနေထိုင်နေကြောင်းသိရပြီး၊ သြဂုတ်လ ၁၉ ရက်နေ့ကလည်း ရွာသား(၈)ဦးတို့အား ဖမ်းဆီးထားခဲ့ပြီး ခြိမ်းခြောက်ကာ တစ်ဦးလျှင် ငွေသိန်း(၂၀)ကျပ်နှုန်းဖြင့် ငွေများတောင်းယူလျက်ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ