သပိတ်ကျင်းမြို့နယ်ရှိ အကြမ်းဖက်သောင်းကြမ်းသူများ ထိန်းချုပ်ထားသည့် တပ်စခန်းများအား တပ်မတော်မှ ပြန်လည်သိမ်းပိုက်ရရှိ


(ပြည်တွင်း) ဩဂုတ် ၂၁

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာရှိ တတက(၁၃)တပ်စခန်းအား ယမန်နေ့ည ၈ နာရီအချိန်ခန့်က အကြမ်းဖက်သောင်းကျန်းသူ KIA နှင့် အကြမ်းဖက်သောင်းကျန်း သူ PDF ပူးပေါင်းအဖွဲ့က လာရောက်တိုက်ခိုက်ခဲ့ရာ တပ်စခန်းဝင်းအတွင်းရှိ တပ်ဖွဲ့ဝင်များက ပြန်လည်ခုခံ တိုက်ခိုက်မှုကြောင့် အကြမ်းဖက် သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

ထို့ပြင် သပိတ်ကျင်းမြို့နယ်၊ ကျောက်ကြီးကျေးရွာရှိ သနတ(၁)တပ်အား တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်ခဲ့ရာ တပ်စခန်းအတွင်း အဓိကနေရာများအား ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိူင်ခဲ့ပြီး တပ်စခန်းဝင်းအတွင်း ကျန်ရှိနေသည့် အကြမ်းဖက်သောင်းကျန်းသူများအား ဆက်လက်တိုက်ခိုက် ရှင်းလင်းလျက်ရှိကြောင်း၊ (၇)မိုင်ကျေးရွာရှိ စခတ(၂)တပ်မှာ အကြမ်းဖက်သောင်းကျန်းသူများ ထိန်းချုပ်ထားသည့် ကျောက်ဖားဘုရားကုန်းအား ပြန်လည် ထိန်းချုပ်နိူင်ခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းမြစ်အရ သိရသည်။

ယခုအခါ သပိတ်ကျင်းမြို့နယ်၊ (၉)မိုင်ကျေးရွာ လမ်းဆုံရှိ သစ်တောရုံးအတွင်း တပ်မတော်စစ်ကြောင်းမှ အခြေပြုကာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက် ရှိပြီး အကြမ်းဖက်သောင်းကျန်းသူများ ဆုတ်ခွာထွက်ပြေးသွားပြီဖြစ်ကြောင်း ဒေသတွင်း သတင်းအရင်းမြစ်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ