ပျားရည်ရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ


(ကျန်းမာရေး) ဩဂုတ် ၂၁

ပျားရည်မှာ အကျိုးကျေးဇူးတွေ များစွာရှိပါတယ်။ ပျားရည်ကို ညတိုင်း အိပ်ရာမဝင်ခင် စားသုံးပေးတာဟာ နှာစေး၊ ချောင်းဆိုး နဲ့ အအေးမိတာလိုမျိုး အပရိက ရောဂါတွေ လွယ်လွယ်ကူကူမဖြစ်အောင်နဲ့ ကူးစက်ရောဂါတွေ လွယ်လွယ်နဲ့ မကူးစက်နိုင်အောင် တားဆီးပေးနိုင်ပါတယ်။

ပျားရည်မှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ tryptophan, amino acid တို့ ပါဝင်တာကြောင့် ညအိပ်ခါနီး ပျားရည် တစ်ဇွန်းကို ရေနွေးနွေးနဲ့ရောပြီး သောက်ပေးမယ်ဆိုရင် ကောင်းကောင်းအိပ်ပျော် စေနိုင်ပါတယ်။

သွေးတိုး ရောဂါဟာ နောက်ပိုင်းမှာ နှလုံးကို အပြင်းအထန် ထိခိုက်စေပြီး အသက်သေဆုံးတဲ့အထိ ဖြစ်စေနိုင် တာကြောင့် ပေါ့ဆလို့မရတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ပျားရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝတာကြောင့် အိပ်ရာဝင်ခါနီးတိုင်း တစ်ဇွန်းစားပေးရင် သွေးတိုးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ပျားရည်ကို သောက်သုံးပေးတာက ဦးနှောက်မှာ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဓာတ်တွေကို ချေဖျက်ပေးနိုင်တာကြောင့် နာတာရှည် စိတ်ကျရောဂါ မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ အစားအသောက်ကြောင့် ခန္ဓာကိုယ်ထဲမှာ မလိုအပ်တဲ့ အဆီပိုတွေ အချိန်တိုင်းမှာ ဖြစ်ပေါ်နေပြီး အဲ့ဒီအဆီပိုတွေက သွေးကြောထဲကို ရောက်လာပါတယ်။

သွေးကြောထဲမှာ မလိုအပ်တဲ့အဆီပိုတွေ များလာတဲ့အခါ နှလုံးရောဂါ၊ ဆီးချိုရောဂါတွေ ဖြစ်စေနိုင်ပြီး သွေးကြောတွင်းမှာ အဆီတွေစုပုံပြီး သွေးကြောပိတ်တာတွေ ဖြစ်စေနိုင်ပါတယ်။ ပျားရည်က သွေးကြောထဲ ရောက်နေတဲ့ ခန္ဓာကိုယ်က မလိုအပ်တဲ့ အဆီပိုတွေကို ကျေပျက်စေတာကြောင့် နေ့စဉ်စားသုံးပေးသင့် ပါတယ်။

ဝတဲ့သူ တစ်ယောက် ဆိုရင်တော့ ပျားရည်ကို သေချာပေါက် စားပေးသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပျားရည်မှာ ခန္ဓာကိုယ်ထဲက ဇီဝရုပ်ဖြစ်ပျက်နှုန်းကို တိုးမြှင့်ပေးမယ့်ဓာတ်တွေ အများအပြား ပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲက အဆီတွေကို လောင်ကျွမ်းစေပါတယ်။

အဲဒါကြောင့် ကိုယ်အလေးချိန်ချဖို့ ကြိုးစားနေတဲ့သူတွေ လေ့ကျင့်ခန်းလုပ်နေချိန်မှာ ညဘက်တွေမှာ ပျားရည်အနည်းငယ်ကို စားသုံးပေးမယ်ဆိုရင် အဆီပိုတွေ မြန်မြန်ကျနိုင်ပါလိမ့်မယ်။ ပျားရည်မှာ ဓာတ်တိုးဆန့်ကျင် နိုင်တဲ့အစွမ်းတွေ အပြည့်အဝရှိတာကြောင့် ပျားရည်ကို အသားအရေထိန်းသိမ်းဖို့၊ မျက်နှာပေါင်းတင်ဖို့ သုံးကြသလိုပဲ၊ ညစဉ်တိုင်း အိပ်ရာမဝင်ခင်မှာ ပျားရည်တစ်ဇွန်းကို ရေနွေးနဲ့ရောထားတဲ့ အရည် တစ်ခွက် သောက်ပေးရုံနဲ့ မျက်နှာမှာ ဖြစ်ပေါ်လာနိုင်တဲ့ အရေးအကြောင်းတွေ မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ