နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြိုနယ်၌ လျှပ်စစ်မီးကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသား ၂ ဦးဖမ်းဆီးရမိ


(မှုခင်း) ဩဂုတ် ၂၁

နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၌ ဩဂုတ်လ ၂၀ ရက်နေ့က လျှပ်စစ်မီးကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသား ၂ ဦးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ည ၁၀ နာရီ၃၀ မိနစ်အချိန်ခန့်တွင် ပုဗ္ဗသီရိမြို့နယ်၊ ထုံးဖိုမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် သက်သေများနှင့်အတူ လှည့်ကင်းဆောင်ရွက်နေစဉ် ပုဗ္ဗသီရိမြို့နယ်၊ ညဈေးအနီး ဇော်ဂျီလမ်းပေါ်တွင် အမျိုးသား ၂ ဦးအား မသင်္ကာဖွယ်တွေ့ရှိစစ်ဆေးခဲ့ရာ တပင်ရွှေထီးရပ်ကွက်နေ နေထက်လင်း(ခ)ဘဂျစ်၊ အသက် ၁၉ နှစ်၊ (ဘ)ဦးလင်းလင်းနှင့် ကျည်တောင်ကန် (၁)ရပ်ကွက်နေ ရဲထက်ပိုင်(ခ)ညိုလေး၊ အသက် ၂၂ နှစ်၊ (ဘ)ဦးညိုကြီးတို့ဖြစ်ပြီး ၎င်းတို့ ၂ ဦးထံမှ အဖြူရောင် ကြွပ်ကြွပ်အိတ်အတွင်း လျှပ်စစ်မီးကြိုး(ကြေးကြိုး)ဖြတ်စ (၅၀)ကျပ်သားခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ နေထက်လင်း(ခ)ဘဂျစ်နှင့် ရဲထက်ပိုင်(ခ)ညိုလေးတို ၂ ဦးသည် အဆိုပါလျှပ်စစ်မီးကြိုးများအား ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်ရှိ နေအိမ်တစ်အိမ်အတွင်းမှ ဖြတ်တောက်ခိုးယူခဲ့ခြင်းဖြစ်ပြီး ၎င်းအပြင် ကွန်ပရက်ဆာ ၁ လုံး၊ မော်တာ ၁ လုံးနှင့် ရေမော်တာ ၁ လုံး တို့အားခိုးယူခဲ့ပြီး နေထက်လင်း (ခ)ဘဂျစ်၏ နေအိမ်တွင် သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် သက်သေခံပစ္စည်းများအား သွားရောက်သိမ်းဆည်းခဲ့သည်။

အထက်ပါဖြစ်စဉ်မှ ဖမ်းဆီးရမိတရားခံ နေထက်လင်း(ခ)ဘဂျစ်နှင့် ရဲထက်ပိုင်(ခ)ညိုလေး တို့အား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး အမှုရေးဖွင့်ပြီး ဆက်စပ်ပြစ်မှုများ ကျူးလွန် ထားခြင်း ရှိ/မရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN

#SZ