တောင်တရုတ်ပင်လယ်အငြင်းပွားမှုတွင် အမေရိကန်ကြား ဝင်စွက်ဖက်ခွင့်မရှိဟု တရုတ်သတိပေး


(နိုင်ငံတကာ) ဩဂုတ် ၂၁

တောင်တရုတ်ပင်လယ်၌ ဖိလစ်ပိုင်နှင့်ဖြစ်ပွားသော အငြင်းပွားမှုအတွင်း အမေရိကန်နိုင်ငံက ကြားဝင် စွက်ဖွက်ခွင့်မရှိဟု တရုတ်နိုင်ငံ က ဩဂုတ်လ ၂၀ ရက်တွင် သတိပေးလိုက်သည်။

ဩဂုတ်လ ၁၉ ရက် နံနက်ပိုင်း တွင် ထိုပင်လယ်အတွင်းရှိ ကျောက်တန်းအနီး၌ တရုတ်နှင့်ဖိလစ်ပိုင်နိုင်ငံတိုမှ ကမ်းခြေစောင့်တပ်ဖွဲပိုင် ရေယာဉ်များ တိုက်မိမှုဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံက အမေရိကန်ကို ယခုကဲ့သို့ သတိပေးလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်၌ ဖိလစ်ပိုင်၏ကမ်းခြေစောင့် တပ်ဖွဲ့ပိုင်ရေယာဉ်သည် ဥပဒေနှင့်အညီ မောင်းနှင်နေခြင်းဖြစ်ပြီး ထိုရေယာဉ် အပေါ် အန္တရာယ်ဖြစ်စေသော လုပ်ဆောင်မှုများကို ရှုတ်ချကြောင်း အမေရိကန် က ပြောထားသည်။

သို့သော်တရုတ်နိုင်ငံသည် ၎င်း၏ပိုင်နက် အချုပ်အခြာအာဏာ၊ ပင်လယ်ရေလမ်းကြောင်း အခွင့်အရေးများ နှင့်အကျိုးစီးပွားများကို ကာကွယ်ရေးအတွက် တရားဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်း က တုံပြန်ပြောထားခြင်းဖြစ်သည်။

မော်နင်း က အမေရိကန်နိုင်ငံ က တောင်တရုတ်ပင်လယ်အရေးကိစ္စတွင် ပါဝင်နေတဲ့ နိုင်ငံတစ်နိုင်ငံမဟုတ်သောကြောင့် ယခုဖြစ်ပွားသော ပဋိ ပက္ခ အငြင်းပွားမှုတွင် ဝင်ရောက်စွက်ဖက်ခွင့် မရှိကြောင်း ဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။

ထို့ပြင် အမေရိကန်နိုင်ငံအနေဖြင့် တောင်တရုတ်ပင်လယ်တွင် ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပွားအောင် ရန်စမှုကို ရပ်တန့်ရန်၊ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို မနှောက်ယှက်ရန်နှင့် တင်းမာမှုများ ပိုမိုဆိုးဝါးစေရေး မလုပ်ဆောင်ရန် တိုက်တွန်းကြောင်း မော်နင်း က ပြောထားသည်ဟု ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ