တာချိလိတ်တွင် (၁၂)ဘီး ယာဉ်တစ်စီး အပူလွန်ကဲ၍ မီးလောင်မှုဖြစ်


(ပြည်တွင်း) ဩဂုတ် ၂၁

တာချီလိတ်ခရိုင် ၊ တာချီလိတ်မြို့နယ်၊ ဟောင်လိတ်ရပ်ကွက် ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းပေါ်တွင် ဩဂုတ်လ ၂၀ ရက်နေ့ ၊ နံနက်ပိုင်း အချိန် ၁၀ နာရီ အချိန်ဝန်းကျင်၌ အစိမ်းရောင် (၁၂)ဘီး ယာဉ်သည် မောင်းနှင်နေစဉ်အတွင်း ဒီဇယ်ဆီတိုင်ကီပိုက်ယိုစိမ့်၍ အင်ဂျင်ပေါ်သို့ဆီကျရောက်ရာမှ အပူလွန်ကဲ၍ မီးလောင်မှု ဖြစ်ပွါးခဲ့ကြောင်းသိရှိရသည်။

မီးလောင်မှုကြောင့် အစိမ်းရောင်(၁၂) ဘီးယာဉ် ခေါင်းနှင့် ရှေ့တာယာ(၃)လုံး မီးလောင်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး (ကျပ်-၆၅၀၀၀၀၀ သိန်း)ဖြစ်ကြောင်း သိရှိရပြီးမီးလောင်မှုနှင့်ပတ်သတ်၍ ယာဉ်မောင်းမှာ ထွက်ပြေး တိမ်းရှောင်လျှက်ရှိရာ ဟောင်လိတ်နယ်မြေရဲစခန်းမှ အရေးယူဆောင်ရွက်မှုပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

မီးလောင်မှုအား မြို့နယ်မီးသတ်တပ်ဖွဲ့မှ ငြိမ်းထက်အောင် ဦးစီး သော အဖွဲ့ဝင်များမှ မိနစ် ၂၀ ကြာငြိမ်းသတ်ခဲ့ပြီး လူမှုအသင်းအဖွဲ့များမှလည်း လာရောက်ကူညီငြိမ်းသတ်ပေးခဲ့ကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ