ကျောင်းမတက်ချင်၍ ကျောင်းသူမှ အတန်းပိုင်ဆရာမထံခြိမ်းခြောက်စာပို့


(မှုခင်း) သြဂုတ် ၂၁

မိဘချို့တဲ့သည့်အတွက် ကျေးရွာမှစုပေါင်းကျောင်းထားပေးသည့် ကျောင်းသူမှ ကျောင်းမတက်ချင်သည့်အတွက် ကျောင်းဆရာမကို ခြိမ်းခြောက်စာပေးပို့မှု ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့၊ သောင်ကြီးအုပ်စု၊ ဘုရာပျိုအလယ်တန်းကျောင်းမှာ စာသင်နေကြားပေးနေသော ဆရာမလေး ဒေါ်မြသက်မွန်၏ လက်ကိုင်ဖုန်းအား သြဂုတ်လ ၂၀ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ် အချိန်ခန့်တွင် မက်ဆေ့ မှတစ်ဆင့် “နင်တို့ကျောင်းကိုပိတ်မလား ကလေးတွေအသက်ပေးမလား” ဟု ခြိမ်းခြောက်စာတစ်စောင်​ ရောက်ရှိလာသည့်အတွက် သက်ဆိုင်ရာသို့အကြောင်းကြားခဲ့ရကြောင်း သိရသည်။

အဆိုပါ ခြိမ်းခြောက်စာနှင့် ပတ်သက်ပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ရာ စာပေးပို့သူမှာ မနေခြည်ထွေး၊ အသက် ၁၅ နှစ်၊ (ဘ)ဦးလှမျိုးထက် (၇)တန်း၊ အလက(ဘုရားပျို) ဖြစ်ကြောင်းသိရသည်။

၇ တန်းကျောင်းသူ မနေခြည်ထွေး၏ ဖခင်မှာ အရက်စွဲနေပြီး မိခင်မှာ ကျဘမ်းလုပ်ကိုင်နေသဖြင့် ကျေးရွာမှစုပေါင်း၍ ကျောင်းထားပေးခဲ့ခြင်းအပေါ် ကျောင်းမတတ်ချင်၍ ၎င်း၏ အတန်းပိုင်ဆရာမထံ ခြိမ်းခြောက်စာပို့ခြင်း ဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ