အစ္စရေးဓားစာခံ ၆ ဦး၏ ရုပ်အလောင်းအား ဂါဇာကမ်းမြောင်တွင်တွေ့ရှိ


(နိုင်ငံတကာ) ဩဂုတ် ၂၀

အစ္စရေးဓားစာခံ ၆ ဦး၏ ရုပ်အလောင်းအား ဂါဇာကမ်းမြောင်တွင် တွေ့ရှိဆယ်ယူခဲ့ကြောင်း အစ္စရေးအာဏာပိုင်များက အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်။

သေဆုံးနေသူများသည် Yoram Metzger၊ Alexander Dancyg၊ Avraham Munder၊ Chaim Peri၊ Nadav Popplewell နှင့် Yagev Buchshtab တို့ဖြစ်ကြောင်း အစ္စရေး လုံခြုံရေးအေဂျင်စီနှင့် အစ္စရေးစစ်တပ်(IDF)တို့က အတည်ပြုထားသည်။

အစ္စရေးတပ်ဖွဲ့ဝင်များ ညပိုင်း စစ်ဆင်ရေးတစ်ခုတွင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး တွေ့ရှိသည့် အလောင်းများအား ပြန်လည်ပေးအပ်ခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ထုတ်ပြန်ထားပြီး စစ်ဆင်ရေးတွင် ပါဝင်ခဲ့သူများအား ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်။

ထို့အပြင် ဆိုးရွားလှသည့် ယခုဖြစ်ရပ်အတွက် နာကျင်ကျင်မိကြောင်း ၎င်း၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုခဲ့သည်။

သေဆုံးသူအချို့သည် အစ္စရေးနှင့် ဂါဇာနယ်စပ်များတါင် နေထိုင်သူများဖြစ်ပြီး ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့ တိုက်ခိုက်မှုတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဟားမတ်စ်ဖွဲ့၏ အစ္စရေးနိုင်ငံအတွင်း ဝင်ရောက်တိုက်ခိုက်မှုတွင် အစ္စရေးနိုင်ငံသား ၁၂၀၀ ဝန်းကျင်သေဆုံးခဲ့ပြီး ၂၅၀ ခန့် ဖမ်းဆီးခံခဲ့ရကြောင်း အစ္စရေးအာဏာပိုင်များက ထုတ်ပြန်ထားပြီး အစ္စရေး၏ ဂါဇာကမ်းမြောင် ဒေသသို့ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်မှုတွင် ပါလက်စတိုင်း သောင်းနှင့်ချီသေဆုံးခဲ့ကြောင်း ပါလက်စတိုင်းအာဏာပိုင်များက ထုတ်ပြန်ထားသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ