ဖိုးချစ်ဖုန်းအရောင်းဆိုင်မှ ဖုန်းပြင်ဝန်ထမ်းအားအကြမ်းဖက်သမားနှစ်ဦးမှ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်

(ပြည်တွင်း)ဩဂုတ် ၂၀

ရန်ကုန်တိုင်ဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဦးထွန်းလင်းခြံလမ်း၊ တိုက်အမှတ်(၃၁)၊ ဖိုးချစ် ဖုန်းအရောင်းဆိုင်တွင် ယမန်နေ့ည ၉နာရီ၄၅မိနစ်အချိန်ခန့်က ပစ်ခတ်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ တိုက်အမှတ် ၃၁ လှေခါးခွင်တွင် ဖွင့်လှစ်ထားသော ဖိုးချစ်ဖုန်းအရောင်း ဆိုင်မှ ဦးအောင်သက်ထွေး(ခ)ငယ်လေး၊ (၂၁)နှစ်၊ (ဘ)ဦးပေါက်၊ ဖုန်းပြင်ဝန်ထမ်းအား လမ်းလျှောက်လာသူ အကြမ်းဖက်PDF လူငယ်နှစ်ဦးနက်တစ်ဦးမှ သေနတ်အတို (၁)လက်ဖြင့် (၂)ချက် ပစ်ခတ်ခဲ့ပြီး အင်းစိန်လမ်းမှ ဝဲဘက်သို့ ထွက်ပြေးသွားခဲ့ပါသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဦးအောင်သက်ထွေးသည် ဝဲဘက်ချိုစောင်းတွင်ရှပ်ထိဒဏ်ရာ(၁)ချက်၊ ဝဲဘက် ခြေသလုံးတွင် ရှပ်ထိဒဏ်ရာ(၁)ချက်ဒဏ်ရာများရရှိခဲ့သဖြင့် မာဃရိပ်ငြိမ်အသင်း လူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

#PAN#ZN