“ပင်လယ်ရေကြောင်းလောကတွင် အရည်အသွေးတိုးတက်သော မြန်မာသင်္ဘောသားများလိုအပ်နေ”

(ပြည်တွင်း) ဩဂုတ် ၂၀

ကမ္ဘာ့ပင်လယ်ရေကြောင်းလောကတွင် လာမည့်ငါးနှစ်အတွင်း သင်္ဘောသားနှင့် အရာရှိလိုအပ်ချက် သုံးသိန်း ကျော်အထိ ရှိနိုင်တဲ့အတွက် အရည်အသွေးတိုးတက်သော မြန်မာသင်္ဘောသားများ လိုအပ်နေကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်မှ သိရပါတယ်။

ကမ္ဘာပေါ်တွင်သင်္ဘောများ တန်ချိန်များလာကာ အစင်းရေလည်း တိုးလာသောကြောင့် လာမည့်ကာလတွင် လုပ်သားလိုအပ်ချက် မြင့်မားနေခြင်းဖြစ်ပါတယ်။

 မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် အနေဖြင့် လက်ရှိမှာ လုပ်ငန်းခွင်သုံးအင်္ဂလိပ်စာ အခမဲ့သင်တန်းနှင့် ကုန်းပတ်သင်္ဘောသား အခြေခံလက်တွေ့ အခမဲ့သင်တန်းများကို အမှတ်စဉ်အလိုက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး စိတ်ဝင်စားမှုများကြောင်းတွေ့ရပါတယ်။

သင်္ဘောသားကိစ္စရပ်များနှင့်ပတ်သက်ပြီး သိရှိလိုမှုနဲ့ လိုအပ်မှုများရှိလျှင် မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်ထံ အကူအညီတောင်းခံခြင်း ပြုလုပ်နိုင်ကြောင်း သိရပါတယ်။

PAN