နေပြည်တော်၌ မြေအောက်ကေဘယ်မီးကြိုးများဖြတ်တောက်ခိုးယူသူ အမျိုးသားတစ်ဦးဖမ်းဆီးရမိ


(ပြည်တွင်း) ဩဂုတ် ၂၀

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၌ ဩဂုတ်လ ၁၉ ရက်နေ့က မြေအောက်ကေဘယ်မီးကြိုးများဖြတ်တောက်ခိုးယူသူ အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၃ နာရီခွဲအချိန်တွင် တပ်ကုန်းမြို့နယ်၊ ဘုရားကုန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့က နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် နေပြည်တော်-တပ်ကုန်း၊ အမှတ်(၁)လမ်း၊ သတ္တသတ္တာဟဘုရားနှင့် သပြေစမ်းကျေးရွာကြားလမ်းလယ်ကျွန်းပေါ်၌ မင်္သကာဖွယ်ရာအမျိုးသားတစ်ဦးအား တွေ့ရှိစစ်ဆေးခဲ့ရာ ပုဗ္ဗသီရိမြို့နယ်၊ ဇလုပ်ကြီးကျေးရွာနေ ကျော်စိုး၊ အသက် ၄၅ နှစ်၊ (ဘ)ဦးတင်မောင်ဖြစ်ပြီး ၄င်းထံမှ ဖြတ်တောက် ခိုးယူထားသောမြေအောက်ကေဘယ်မီးကြိုးဖြတ်စခွေ(၁၆)ခွေ၊ ဂေါ်ပြား(၁)လက်၊ ဓားမ(၁)ချောင်း၊ မီးကြိုးခွာ ရာတွင်အသုံးပြုသော အဝါရောင် လက်ညှစ်ဓား(၂)ချောင်း၊ ဓားဆံဗူး(၁)ဗူး၊ ဂက်စ်မီးခြစ်တစ်လုံး၊ လွယ်အိတ်(၁)လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အထက်ပါဖြစ်စဉ်မှ ဖမ်းဆီးရမိ တရားခံ ကျော်စိုးအား ဥပဒေနှင့် အညီထိရောက်စွာအရေးယူနိုင်ရေး အမှုရေးဖွင့်ပြီး ဆက်စပ်ပြစ်မှုများကျူးလွန်ထားခြင်း ရှိ/မရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ