နိုင်ငံဝန်ထမ်းလစာအား ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ပေးချေရန်စီစဉ်နေ


(ပြည်တွင်း) ဩဂုတ် ၂၀

နိုင်ငံ့ဝန်ထမ်းများ၏ လစာများကို ဒစ်ဂျစ်တယ်နည်းလမ်းများဖြင့် ဖြန့်ဝေ ခြင်းအား တိုးချဲ့ဆောင်ရွက်ပေးနိုင်ရေးစီမံဆောင်ရွက်နေကြောင်း သိရသည်။

ဝန်ထမ်းများ၏ လစာထုတ်ယူရာတွင် အဆင်ပြေမှုရှိစေရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ATM စက်များ တပ်ဆင်ထားပေးလျက်ရှိပြီး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၁,၉၀၈ လုံး၊ မန္တလေးတိုင်းဒေသကြီးအတွင်း ၇၀၇ လုံး၊ နေပြည်တော်တွင် ၃၃၂ လုံး တပ်ဆင်ထားရှိကာ လိုအပ်မှုရှိလာပါက ထပ်မံတိုးချဲ့ပေးမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အရာထမ်းများအပြင် အမှုထမ်းများပါ ဒစ်ဂျစ်တယ်နည်းဖြင့် လစာပေးနိုင်ရေး ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ ဝန်ထမ်းများ၏ လစာပေးချေမှုများကို ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ပေးချေနိုင်ရေး တိုးချဲ့ဆောင်ရွက်ရန် အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးအတွင်းရှိ ဝန်ကြီးဌာန/ အဖွဲ့အစည်းများမှ အဆိုပါဒေသများရှိ မိမိတို့ဌာန၏ ဝန်ထမ်းလစာပေးချေခြင်းအား ကတ်ဖြင့်ပေးချေခြင်း၊ ဘဏ်စာရင်းနှင့် မိုဘိုင်းငွေကြေးစာရင်းဖြင့် ပေးချေခြင်းများ ဆောင်ရွက်နိုင်ရေးဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ဝန်ကြီးဌာန/အဖွဲ့အစည်းများအနေဖြင့် မိမိတို့၏ ဝန်ထမ်းများအား ဒစ်ဂျစ်တယ်နည်းဖြင့် လစာငွေ ပေးချေနိုင်စေရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ဝန်ဆောင်မှုရယူရန် သတ်မှတ်ချထားသည့် ဘဏ်/ငွေရေး ကြေးရေးအဖွဲ့အစည်း(သို့မဟုတ်) မိမိတို့အစီအစဉ်ဖြင့် ဆောင်ရွက်လိုသည့် ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများအား ၂၀-၈-၂၀၂၄ ရက်နေ့နောက်ဆုံးထား၍ ပြန်လည်ပေးပို့ရန် အကြောင်းကြားထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ