ဓါတ်ဆီမှောင်ခိုရောင်းချသူတွေကို စရဖက အသွင်ယူဖမ်းဆီး


(ပြည်တွင်း) ဩဂုတ် ၂၀

စက်သုံးဆီပြတ်လပ်မှုကိုအကြောင်းပြုပြီး ဓါတ်ဆီမှောင်ခို ရောင်းချနေသူတွေကို စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)တွေက အသွင်ယူ ဖမ်းဆီးမှုတွေ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းမှာရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်ကြီး – ဟိုပုံး၊ ညောင်ရွှေ – တောင်ကြီး လမ်းမကြီးတစ်လျှောက်က လမ်းဘေးမှာ မှောင်ခို ချရောင်းနေသူတွေနဲ့ လူမှုကွန်ယက် စာမျက်နှာ (Facebook)က ရောင်းချနေသူတွေကို စရဖက လိုက်လံ ဖမ်းဆီးနေတာဖြစ်တယ်လို့လည်း အဲ့ဒီဒေသခံကပြောပါတယ်။

တောင်ကြီးမြို့က မှောင်ခိုရောင်းချသူတွေဟာ ဆီပန့်တွေမှာ တစ်လီတာ ၃ ထောင်ကျပ်ဈေးနဲ့ တန်းစီ ဝယ်ယူကြပြီး တစ်လီတာ တစ်သောင်းကျပ်နှုန်းနဲ့ ပြန်ရောင်းချကြတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အကျပ်အတည်းဖြစ်နေတဲ့ စက်သုံးဆီဟာ ပုံမှန်ကိုပြန်ရောက်မယ့်အခြေအနေနဲ့ နီးကပ်လာပြီလို့လည်း သတင်းတွေအရ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ