ဒေါ်လာသန်း ၉၀ နီးပါး ငွေလဲနှုန်း ၃၄၁၀ ကျပ်ဖြင့်  ဗဟိုဘဏ် ထုတ်ရောင်း

(ပြည်တွင်း) သြဂုတ် ၂၀

     မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ငွေလဲလှယ်နှုန်း ၃၄၁၀ ကျပ်နှင့် အမေရိကန်ဒေါ်လာ ၈၉ သန်းကျော်ကို ယမန်နေ့က ဗဟိုဘဏ်၊ AD လိုင်စင်ရဘဏ်များ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များ ပါဝင်သော FX Market Online Trading Platform မှ ရောင်းချပေးခဲ့သည်ဟု သိရပါသည်။

       ယမန်နေ့ တစ်ရက်တည်းမှာပင် ဗဟိုဘဏ်၏ ရောင်းချပေးမှုအပါအဝင် အမေရိကန်ဒေါ်လာ ၉၅ သန်းကျော်အတွက် လွှဲပြောင်းမှု ၉၇ ကြိမ် ရှိခဲ့သည်ဟု ဆိုသည်။

      ဗဟိုဘဏ်အနေနှင့် စက်သုံးဆီလုပ်ငန်းရှင်များကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးပေးဖို့ အစီအစဉ်ရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး ယခု ဒေါ်လာ ၈၉ သန်းကျော် ရောင်းချမှုသည် ၎င်းတို့အတွက် ဖြစ်နိုင်ကြောင်း သွင်းကုန်လုပ်ငန်းရှင်အချို့က ယူဆကြပါတယ်။

      ထို့အပြင် ယမန်နေ့တွင် ငွေလဲနှုန်း ၄၈၆.၈ ကျပ်နှင့် တရုတ်ယွမ် ၁၅ သန်းကျော်၊ ငွေလဲနှုန်း ၁၀၄.၁ ကျပ်နှင့် ထိုင်းဘတ် ၁၂ သန်းကျော် အရောင်းအဝယ်ဖြစ်ခဲ့သည်ဟု ဗဟိုဘဏ်၏ ထုတ်ပြန်ချက်များအရ သိရပါ သည်။

     ဗဟိုဘဏ်ပြင်ပ တရားမဝင် နိုင်ငံခြားငွေကြေးဈေး ကွက်မှာတော့ ယူအက်စ်ဒေါ်လာငွေလဲနှုန်းက ၅၉၅၀ – ၆၃၅၀ ကျပ်အကြား အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

      စက်သုံးဆီဈေးနှုန်းများမှာ တစ်ပတ်အတွင်း နှစ်ကြိမ်အထိ တက်ရိပ်ပြခဲ့ပြီး 92 Ron တစ်လီတာ ၂၄၀ ကျပ်၊ 95 Ron တစ်လီတာ ၂၅၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၁၉၀ ကျပ်၊ ပရီမံယံဒီဇယ် တစ်လီတာ ၂၆၅ ကျပ် အသီးသီး မြင့်တက်သွားသည်။

#PAN