Vitamin C ရဲ့ကျန်းမာရေး ကောင်းကျိုးတွေ

((ကျန်းမာရေး) သြဂုတ် ၁၉

Vitamin C က နာတာရှည်ရောဂါတွေ ဖြစ်ပွားနှုန်းတွေကို ကျဆင်းစေပါတယ်။ Vitamin C ဟာ antioxidant ဖြစ်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။ နာတာရှည်ဖြစ်စေမယ့် အကြောင်းအရင်းဖြစ်တဲ့ free radicals တွေရဲ့ ဘေးရန်ကနေ ကာကွယ်ပေးလို့ဖြစ်ပါတယ်။ 

သွေးပေါင်ချိန်မြင့်မားခြင်းကိုလည်း ထိန်းညှိပေးပါတယ်။ Vitamin C ဟာ သွေးပေါင်ကို ကျဆင်းစေတဲ့ နေရာမှာ ကူညီပေးလို့ဖြစ်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါဖြစ်ပွားမှုနှုန်းကို လျော့ကျစေပါတယ်။

လေ့လာချက်တွေအရ တစ်ရက်ကို Vitamin C 500mg ပုံမှန်သောက်သုံးတဲ့သူတွေဟာ ပုံမှန်လူတွေထက် ‌နှလုံးရောဂါဖြစ်ပွားမှု ၂၅ ရာခိုင်နှုန်း လျော့နည်းသွားတာဖြစ်လို့ Vitamin C ကို ပုံမှန်သောက်သုံးပေးသင့်ပါတယ်။

သွေးတွင်း Uric acid ပါဝင်မှုကိုလျော့နည်းစေပြီး ကိုက်ခဲနာကျင်တတ်တဲ့ Gout ရောဂါမှလည်း ကာကွယ် ပေးပါတယ်။ သံဓာတ်အားနည်းခြင်း Iron deficiency ကိုလည်း ကာကွယ်ပေးပါတယ်။

Vitamin C ဟာ အူတွင်းမှ သံဓာတ်စုပ်ယူနိုင်စွမ်းကို ကောင်းမွန်စေလို့ အမျိုးသမီးတွေအများစုဖြစ်တတ်တဲ့ သံဓာတ်ချို့တဲ့ သွေးအားနည်း ရောဂါကို အထိုက် အလျောက် ကာကွယ်ပေးပါတယ်။

ဒါ့အပြင် ဦးနှောက်မှတ်ဉာဏ်စွမ်းရည်နဲ့ တွေးခေါ်နိုင်စွမ်းကိုလည်း ကောင်းမွန်စေပါတယ်။ ပထမဆုံးပြောခဲ့ သလိုပါပဲ၊ Vitamin C ဟာ strong antioxidant ဖြစ်လို့ ဦးနှောက်လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပြီး မေ့တတ်ခြင်းကို လျော့ချပေးပါတယ်။

Telegram»…
https://t.me/positiveanglenews#PAN#SZ

PAN

#SZ