တာချီလိတ်တွင် မူးယစ်ဆေးဝါး ၃၈.၉၅ ကီလို ဖမ်းမိ


(မှုခင်း) သြဂုတ် ၁၉

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့များသည် သြဂုတ်လ ၁၇ ရက်နေ့ ညနေ ၃ နာရီ အချိန်တွင် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(ပြင်)၊ သံလွင်လမ်းနေ အိုက်ကျန်(ခ)အစိမ်၏နေအိမ်အား ၀င်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၃၈.၉၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၁၁၆ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား သက်သေများနှင့်အတူ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများတွေ့ရှိသည့် အိုက်ကျန်(ခ)အစိမ်(၂၈)နှစ်အား ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ