ချောင်းသာမြို့တွင် မြို့အုပ်ချုပ်ရေးမှူး ဖလား ဘောလုံးပြိုင်ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပ


(အားကစား) ဩဂုတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့တွင် ဩဂုတ်လ ၁၆ ရက်နေ့ စတင်ပြီး မြို့အုပ်ချုပ်ရေးမှူး ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပလျက်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ မြို့အုပ်ချုပ်ရေးမှူး ဖလား ဘောလုံးပြိုင်ပွဲကို ဩဂုတ်လ ၁၆ ရက်နေ့မှ ၂၅ ရက်နေ့အထိကျင်းပသွားမှာဖြစ်ပြီး အမှတ် ၁ ၊ ၂ ၊ ၃ ရပ်ကွက်နှင့် ကံကြီးကျေးရွာအုပ်စု များမှဘောလုံးအသင်းများပါဝင်ယှဉ်ပြိုင်ကြပြီး အသင်းစုစုပေါင်း ၁၃ သင်းဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါပြိုင်ပွဲတွင် ပထမဆု ၅ သိန်းကျပ်၊ ဒုတိယဆု ၃ သိန်းကျပ်၊ တတိယဆု ၂ သိန်းကျပ်တို့ချီးမြှင့်သွားမှာဖြစ်ပြီး ဩဂုတ်လ ၂၅ ရက်နေ့တွင် ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ကျင်ပပြုလုပ်သွားမှာဖြစ်ကြောင်းသိရှိရပြီး ချောင်းသာမြို့သည် အေးချမ်းတည်ငြိမ်လျက်ရှိပြီး အများပြည်သူ စိတ်ချမ်းသာမှုရရှိစေရန်နှင့် ကျန်းမာကြံ့ခိုင်မှုရှိစေရန်အတွက် ပျော်ပွဲရွှင်ပွဲများကိုပြုလုပ်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ