အင်ဒိုနီးရှားနိုင်ငံက ဂျပန်လက်အောက်မှ လွတ်လပ်ရေးရရှိမှု အထိမ်းအမှတ်အခမ်းအနားများကို နူဆန်တာရာ မြို့၌ ပထမဆုံးအကြိမ်ကျင်းပ


(နိုင်ငံတကာ) ဩဂုတ် ၁၈

အင်ဒိုနီးရှားနိုင်ငံသည် ဂျပန်လက်အောက်မှ လွတ်လပ်ရေးရရှိမှု အထိမ်းအမှတ်အခမ်းအနားများကို နူဆန်တာရာမြို့၌ ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ကြောင်း သိရသည်။

သို့ရာတွင် အင်ဒိုနီးရှားနိုင်ငံသည် နူဆန်တာရာမြို့သစ်၌ လွတ်လပ်ရေးနေ့အခမ်းအနားကို ပုံမှန်ထက် အတိုင်းအဆလျှော့ချ၍ ကျင်းပခဲ့ခြင်းဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံသည် နူဆန်တာရာမြို့သစ်၌ ကျင်းပခဲ့သည့် လွတ်လပ်ရေးနေ့အခမ်းအနားအတွက် မူလက လူဦးရေ ၈,၀၀၀ အထိဖိတ်ကြားရန် ရည်ရွယ်ခဲ့ သော်လည်း နောက်ပိုင်းတွင် ဧည့်သည်တော်အရေအတွက်ကို ၁,၃၀၀ အထိ လျှော့ချခဲ့ရသည်။

ဧည့်သည်တော်များ နေထိုင်ရေးနှင့် စားနပ်ရိက္ခာတို့အတွက် အကန့်အသတ်များ ရှိနေမှုကြောင့် နူဆန်တာရာမြို့ လွတ်လပ်ရေးနေ့အခမ်းအနားကို အတိုင်းအဆ လျှော့ချ ကျင်းပခဲ့ရခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

အင်ဒိုနီးရှားအစိုးရသည် အစိုးရရုံးစိုက်ရာ မြို့သစ်အဖြစ် ဂျကာတာမြို့နေရာ၌ အစားထိုးရေးအတွက် နူဆန်တာရာမြို့သစ်ကို ဘော်နီယိုကျွန်း၌ တည်ဆောက် နေခြင်းဖြစ်သည်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို ၏ ဦးစားပေးစီမံကိန်းဖြစ်သော နူဆန်တာရာမြိုသစ်စီမံကိန်းမှာ ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံထိ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ