“ရီးရဲလ်အသင်းမှာ တစ်ရာသီသွင်းဂိုး ၅၀ အထက်သွင်းယူမယ်ဆိုတဲ့ အမ်ဘာပေ”

(အားကစား) ဩဂုတ် ၁၈

ရီးရဲလ်အသင်းရဲ့ တိုက်စစ်မှူးသစ် ဘာပေ က သူ့အနေနဲ့ ရီးရဲလ်အသင်းနှင့်အတူ တစ်ရာသီသွင်းဂိုး ၅၀ အထက် သွင်းယူနိုင်ခြေရှိတယ်လို့ ပြောကြားလိုက်ပါတယ်။ 

ဘာပေ ဟာ ယခုနွေရာသီမှာ PSG အသင်းနှင့်လမ်းခွဲကာ ရီးရဲလ်အသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ဥရောပစူပါဖလားပွဲတွင် ရီးရဲလ်အသင်းအတွက် ပွဲဦးထွက်ယှဉ်ပြိုင်ကစားကာ ဂိုးသွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိ ဘာပေ အနေနဲ့ လာလီဂါပြိုင်ပွဲကို ယခုရာသီမှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း ဂိုးသွင်းဘုရင်ဆုရရှိရန် အခြားကစားသမားများထက် အပြတ်အသတ်ရေပန်းစားနေကြောင်း သိရပါတယ်။

PAN