မြန်မာနိုင်ငံ၏ ဘီးလုံးငှက်မ အန္တရာယ်

(ဆောင်းပါးကဏ္ဍ)
သြဂုတ် ၁၈

တစ်ခါက အဖိုးအို တစ်ယောက်ဟာ နေပြည်တော်ကတရားရုံး တစ်ခုကို လာရောက်ပြီး တရားသူကြီးကို လာတွေ့တယ်။

တရားသူကြီးက ”ဘာကိစ္စရှိလဲ အဖိုး” လို့ မေးလိုက်တော့။ အဖိုးအိုက ” ဒေါ်အောင်စုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့ အမှုအခြေအနေကို သိချင်လို့ပါ မောင်ရင် ” လို့ ပြန်ပြော လိုက်တယ်။

တရားသူကြီးက ”အဖိုး.. ဒေါ်အောင်စုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့ကို အထူးသီးသန့်တရားရုံးက တရား စီရင်တာပါ၊ အခု ထောင်ဒဏ် အသီးသီးချမှတ်ထားလို့ ထောင်ကျနေပါတယ်” လို့ ပြောလိုက်တယ်။

အဲဒီတော့ အဖိုးအိုက ” သြော် ထောင်ကျသွားပြီလား” လို့ ရေရွတ်ပြီး ပြန်ထွက်သွားပါတယ်။

ဒီလိုပဲ အဲဒီ အဖိုးအိုက နောက်နေ့မှာ အဲဒီတရားရုံးကို သွားပြန်တယ်။ သွားပြီး မနေ့က တွေ့တဲ့ တရားသူကြီးနဲ့ တွေ့ပြန်တယ်။

တရားသူကြီးက ”အဖိုး…. ဘာလာလုပ်ပြန်ပြီလဲ” လို့ မေးတယ်။

အဖိုးအိုက အရင်နေ့ကအတိုင်းပဲ ” ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့ အမှုအခြေအနေကို သိချင်လို့ပါ” လို့ မေးပြန်တယ်။

တရားသူကြီးက ”ဟာ… အဖိုးကလဲ မနေ့ကပြောပြီးပြီလေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့ ထောင်ကျသွားပြီလေ ” လို့ ထပ်ပြောပြန်တယ်။

အဖိုးအိုက ” သြော်… ထောင်ကျသွားပြီလား” လို့ ရေရွတ်ပြီး ပြန်ထွက်သွားပြန်ပါတယ်။

တရားသူကြီးက ဒီအဖိုးကြီးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့ကို တော်တော်ကြည်ညိုတဲ့သူဖြစ်မယ်၊ ဒါကြောင့် ခဏခဏ သတင်းလာမေးနေတာဖြစ်မယ်လို့ တွေးလိုက်မိသတဲ့။

ဒီလိုနဲ့ တတိယ ရက်ရောက်တော့လဲ အဖိုးအိုက အဲဒီတရားရုံးကို သွားပြန်တယ်။ ပြီးတော့ တရားသူကြီးကို အရင်နေ့ကအတိုင်ပဲ မေးပြန်တယ်။

ဒီတစ်ခါတော့ တရားသူကြီးက ”အဖိုး… အရင် နေ့တွေကလည်း ဒေါ်အောင်စုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့ ထောင်ကျသွားပြီလို့ ကျွန်တော်ဖြေပြီးပြီလေ ဘာလို့ နေ့တိုင်း ဒီလိုလာမေးနေတာလဲ” လို့ ပြောလိုက်တော့ အဖိုးကြီးက ဘာပြန်ပြောလဲဆိုတော့…

” မဟုတ်ပါဘူး မောင်ရင်ရယ်… စိတ်လည်း မဆိုးပါနဲ့…အဖိုးက သူတို့ ‘ထောင်ကျသွားပြီ’ လို့ ပြောတဲ့စကားသံကို နားဝင်ပီယံချိုလွန်းလို့ ခဏခဏ ကြားချင်လို့ လာလာမေးရတာပါ” လို့ ပြန်ပြောလိုက်သတဲ့။

အဲဒီမှာ တရားသူကြီး လုပ်သူက ခွက်ထိုးခွက်လန် ရယ်ပါတော့တယ်။ ပြီးတော့ ” အဖိုးရယ်… ကျွန်တော်က သူတို့ ထောင်ကျသွားတာကို အဖိုးစိတ်မကောင်း ဖြစ်နေလို့ ခဏခဏ လာမေးတယ် ထင်တာ၊ အခုတော့ မဟုတ်ဘူးဘဲ၊ ဘာလို့ သူတို့ ထောင်ကျသွားတာကို အဖိုးက ဝမ်းသာနေရတာတုံး” လို့ မေးလိုက်တော့၊

အဖိုးအိုက ပြန်ဖြေတယ်၊ ဒီလို မောင်ရင်ရဲ့ သူတို့ကို အဖိုးက ပုဂ္ဂိုလ်ရေးအရ မမုန်းပါဘူး၊ ဒေါ်အောင်ဆန်းစုကြည်က ဘုရားဟော ၅၅၀ နိပါတ်တော်ထဲက ဘီလုံး ငှက်မလို အဖိုးတို့နိုင်ငံအတွက် အန္တရာယ်ရှိလို့ပါကွာ ” လို့ ပြောပြီး ဘုရားဟော ဝတ္ထုတစ်ပုဒ်ကို ပြောပြတယ်။

အဖိုးအိုပြောပြတဲ့ ဘုရားဟော ဝတ္ထုကတော့…
တစ်ခါတုန်းက ဘုရားလောင်းဟာ အလွန်ကြီးမားတဲ့ လက်ပံပင်မှာ ရုက္ခစိုးနတ်ဖြစ်ပြီး အရှင်သာရိပုတ္တရာအလောင်းဟာ အင်အားအင်မတန်ကြီးတဲ့ ဂဠုန်ငှက်ကြီးဖြစ်သတဲ့၊ ဂဠုန်ငှက်ကြီးဟာ ပင်လယ်သမုဒ္ဒရာထဲက နဂါးတွေကို ချီလာပြီး ဘုရားလောင်းရှိတဲ့ လက်ပံပင်ပေါ်မှာ လာနားပြီး စားလေ့ရှိတယ်…

တစ်နေ့မှာ ပင်လယ်သမုဒ္ဒရာထဲက နဂါးတစ်ကောင်ကို ချီလာတဲ့အခါမှာ အဲဒီ နဂါးက လွတ်ရာလွတ်ကြောင်း မြေကြီးပေါ်မှာ ပေါက်နေတဲ့ ညောင်ပင်ကို တွယ်ရစ်ပြီး ဖမ်းဆွဲလိုက်တယ်၊ အရှင်သာရိပုတ္တရာအလောင်းဂဠုန်ကြီးက အင်မတန် အားကောင်းတော့ အဲဒီညောင်ပင်ဟာ ကျွတ်ပြီးပါလာတယ်၊ ထုံးစံအတိုင်း ဘုရားလောင်းရှိတဲ့ လက်ပံပင်အနားရောက်တော့ ဂဠုန်ကြီးက နဂါးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး ခါချလိုက်တဲ့အခါ နဂါးကြီးက တွယ်ရစ်ထားတဲ့ ညောင်ပင်လည်း မြေပြင်ပေါ် ပြုတ်ကျသွားသတဲ့…..

အဲဒီနောက် အရှင်သာရိပုတ္တရာအလောင်းဂဠုန်ကြီးက နဂါးကို စားသောက်ပါတယ်၊ အဲဒီလို ဂဠုန်ကြီးက လက်ပံပင်ပေါ် နားနေချိန်မှာဘဲ ညောင်ပင်ပေါ်မှာ ပါလာတဲ့ အလွန်သေးငယ်တဲ့ ဘီလုံးငှက်မဟာ လက်ပံပင်ပေါ် ပျံတက်လာပြီး နားသတဲ့…

ဘီလုံးငှက်မ လက်ပံပင်ပေါ် နားလိုက်မိတယ်ဆိုရင်ဘဲ လက်ပံပင်စောင့်နတ် ဘုရားလောင်းဟာ ကြောက်ရွံပြီး တုန်ခါသွားလိုက်တာ လက်ပံပင်အမြစ်တွေပါ တုန်ခါသွားတယ်လို့ ဆိုတယ်…..

အဲဒီမှာ အရှင်သာရိပုတ္တရာလောင်း ဂဠုန်ကြီးဟာ အံအားသင့်ပြီး လက်ပံပင်စောင့်နတ်ကို ” ကျွန်ုပ်လို အလွန်အင်မတန်ကြီးတဲ့ ဂဠုန်ကြီး လာနားတာ ဘာတုန်လှုပ်မှုမရှိဘဲ အခု အလွန်သေးငယ်တဲ့ ဘီလုံးငှက်မ လာနာတော့မှ ဘာလို့ အလွန်တုန်လှုပ်သွားရတာလဲ” ဆိုပြီး မေးသတဲ့….

အဲဒီမှာ ဘုရားလောင်းလက်ပံပင်စောင့်နတ်က ”ဒီမယ် ဂဠုန်ကြီး အခုလာနားတဲ့ ဘီလုံးငှက်မဟာ ညောင်ပင်ပေါ်မှာ အသိုက်ဖွဲ့နေထိုင်တဲ့ ငှက်ဖြစ်တယ်၊ ဒီဘီလုံးငှက်မဟာ ညောင်သီးကို မဖြစ်မနေစားပါလိမ့်မယ်၊ ညောင်းသီးစားတဲ့ ဘီလုံးငှက်မဟာ ချေးပါတဲ့အခါ ငါ့ရဲ့ လက်ပံပင်မှာ ညောင်ပင် ပေါက်လာလိမ့်မယ်၊ အဲဒီလို ညောင်ပင်ပေါက်လာရင် ငါ့ရဲ့ လက်ပံပင်ဟာ သေဆုံးသွားနိုင်တဲ့အတွက် ဘီလုံးငှက်မရဲ့အန္တရာယ်ကို ငါမြင်လို့ အခုလို တုန်လှုပ်သွားရတာပါ” လို့ ရှင်းပြလိုက်တဲ့အခါ ဂဠုန်ကြီးလဲ သဘောပေါက်နားလည်သွားပါတယ် လို့ အဖိုးအိုးက ပြောပြပါတယ်။

”အဲဒီလိုဘဲပေါ့မောင်ရင်ရယ် လက်ပံပင်ဖြစ်တဲ့ အဖိုးတို့နိုင်ငံအတွက် ဘီလုံးငှက်မ ဖြစ်တဲ့ ဒေါ်စုကြည် လာနားတော့ ညောင်ပင်ပေါက်လာလို့ လက်ပံပင်ပျက်းစီရသလို အဖိုးတို့ နိုင်ငံလဲ အခုလို ပျက်စီးခြင်းတွေနဲ့ ကြုံ တွေ့နေရတာပေါ့ကွယ်၊ ဒေါ်စုကြည်ဟာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တဲ့အတွက် မြန်မာနိုင်ငံသား အားလုံးက ချစ်ပြီးသားပါ၊ ဒါပေမဲ့လည်း သူလည်း ညောင်သီးစားလာတဲ့ ဘီလုံးငှက်မ လိုဘဲ မြန််မာနိုင်ငံအတွက် အလွန်အန္တရာယ်ကြီးမားတယ်လေ၊ အခု မြန်မာနိုင်ငံမှာ ဖြစ် ပွားနေတဲ့ ဖြစ်စဥ်အားလုံးဟာ သက်သေပါဘဲ၊ ဒါကြောင့် ညောင်သီးစားတဲ့ ငှက်မကိုတော့ မမွေးမြူမိစေဖို့ သင်ခန်းစာယူသင့်တာပေါ့ မောင်ရင်ရယ်” ဟု ပြောပြောဆိုဆိုနဲ့ အဖိုးအိုလည်း တရားရုံးကို ကျောခိုင်းပြီး ပြန်ထွက်သွားပါတော့တယ်…..

#PAN
#BoAye