“ဘန်လေအသင်း တိုက်စစ်ကစားသမားကို ခေါ်ယူခဲ့တဲ့ စပါးအသင်း”

(အားကစား) ဩဂုတ် ၁၈

စပါးအသင်းက ချန်ပီယံရှစ်အဆင့်သို့ တန်းဆင်းသွားခဲ့တဲ့ ဘန်လေအသင်း ကွင်းလယ်တိုက်စစ်ကစားသမား အိုဒိုဘော့ ကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၂၅ သန်းဖြင့် ခေါ်ယူနိုင်ခဲ့ပြီး လာမည့် ၂၀၂၉ ခုနှစ်ထိ ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။

အသက် ၁၉ နှစ်အရွယ်ရှိ အိုဒိုဘော့ ဟာ ပီအက်စ်ဂျီအကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ချဲလ်ဆီးအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့လို့ ပရီးမီးယားလိဂ်မှာ အသက်အငယ်ဆုံး ဂိုးသွင်းယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အသင်းနဲ့ ပြိုင်ပွဲစုံ ၃၅ ပွဲ ပါဝင်ခဲ့ရာ သွင်းဂိုး ငါးဂိုးအထိ သွင်းယူခြေစွမ်းပြသ နိုင်ခဲ့တာကြောင့် စပါးအသင်းက ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။

အိုဒိုဘော့ အနေနဲ့ ကွင်းလယ်တိုက်စစ်ပိုင်း၊ တောင်ပံတိုက်စစ်ပိုင်းနဲ့ အထောင်တိုက်စစ်ပိုင်းတို့မှာ ပါဝင်ကစား နိုင်တာကြောင့် စပါးအသင်းနည်းပြ ပိုစတီကိုဂလူး က တိုက်စစ်ကစားအား ထပ်မံမြှင့်တင်နိုင်ရန် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

PAN