“စံချိန်တင်ဈေးဖြင့် အီဗာနီလ်ဆင် ကို ဘုန်းမောက်အသင်းခေါ်ယူ”

(အားကစား) ဩဂုတ် ၁၈

ဘုန်းမောက်အသင်းက ပေါ်တိုအသင်းရဲ့ ဘရာဇီးတိုက်စစ်မှူး အီဗာနီလ်ဆင် ကို ကလပ်စံချိန်တင် ပြောင်းရွှေ့ ကြေး ပေါင် ၄၀ ဒသမ ၂ သန်းနဲ့ ခေါ်ယူလိုက်တယ်လို့ အတည်ပြုခဲ့ပါတယ်။ အသက် ၂၄ နှစ်သာ ရှိသေးတဲ့ အီဗာနီလ်ဆင် ဟာ ပေါ်တိုအသင်းနဲ့ ဘောလုံးရာသီ ၄ ခုအတွင်း ၁၅၄ ပွဲမှာ သွင်းဂိုး ၆၀ သွင်းယူပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘုန်းမောက်အသင်းက တိုက်စစ်မှူး ဆိုလန်ကီကို စပါးအသင်းထံသို့ ပေါင် ၆၅ သန်းနဲ့ ရောင်းချခဲ့ပြီးနောက် တိုက်စစ်အတွက် အီဗာနီလ်ဆင် ကို ပြန်လည်ခေါ်ယူလိုက်တာဖြစ်သလို အီဗာနီလ်ဆင် အနေနဲ့ ဆိုလန်ကီ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၉ ကို ဝတ်ဆင်သွားမှာဖြစ်ပါတယ်။

ဘုန်းမောက်အသင်းနဲ့ ပထမဆုံးအင်တာဗျူးမှာ အီဗာနီလ်ဆင် က ပေါ်တိုအသင်းနဲ့အတူ ကြိုးစားခဲ့တာတွေ အတွက် အသိအမှတ်ပြုမှုအဖြစ် ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းဆီကို ရောက်လာခွင့်ရလို့ စိတ်လှုပ်ရှား ပျော်ရွှင်မိတယ်လို့ ပြောသွားခဲ့ပါတယ်။

 ဘရာဇီးလက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခံထားရတဲ့ အီဗာနီလ်ဆင် ဟာ ၂၀၂၄ ကိုပါအမေရိက ဖလားပြိုင်ပွဲမှာလည်း ဘရာဇီးအသင်းနဲ့အတူ ပါဝင်ခွင့်ရခဲ့သူ ဖြစ်ပါတယ်။

PAN