မစောတံတားလုံခြုံရေးအဖွဲ့ကို KNU/PDF ပူးပေါင်းအဖွဲ့လာရောက်ပစ်ခတ်


(ပြည်တွင်း) ဩဂုတ် ၁၇

ဒေါက်ရပ်ကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာ၊ ရန်ကုန်- မော်လမြိုင်ကားလမ်းမပေါ်ရှိ မစောတံတားလုံခြုံရေးအဖွဲ့ကို ယနေ့ နံနက် ၆ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် KNU / PDF အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များမှ လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ဒေါက်ရပ် ရွှေအင်ဒုံဘက်ကနေ ၄၀ မမနဲ့လာ​ပစ်တာလို့ပြောတယ်။ ဒီဘက်ကလည်းပြန်​ပစ်တယ်။ လက်နက်ငယ်သံတွေလည်းကြားရတယ်” အဲ့ဒီအနီးအနားတွင်ရှိသည့် ဒေသခံများ၏ပြောဆိုချက်များအရ သိရသည်။

တံတားလုံခြုံရေးအဖွဲ့များ၏ပသ်ခတ်မှုကြောင့် KNU /PDF အ​​ကြမ်းဖက် သောင်းကျန်းသူများမှာ ၎င်းတို့လာရာလမ်းအတိုင်း ပြန်လည်ဆုတ်ခွာထွက်ပြေးသဖြင့် လုံခြုံရေးအဖွဲ့မှ လိုက်လံရှင်းလင်းရာ KNU/PDF ကျားတစ်ဦး၏ အလောင်းတစ်လောင်း ရရှိခဲ့ကြောင်းသိရပြီး လုံခြုံရေးအဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်းသိရသည်။

ယခုလာရောက်ပစ်ခတ်သည့် မစောတံတားအား KNU/PDF များမှ မိုင်းထောင်ဖောက်ခွဲခဲ့သည့်အတွက် ယာယီဘေလီတံတားဖြင့်သာ အသုံးပြုနေရသည့် တံတားတစ်စင်းဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

PAN

GE #SZ