“ဘုန်းမောက်ကို ရောက်လာခဲ့လို့ ပျော်ရွှင်မိကြောင်း ပြောခဲ့တဲ့ အာရူဂျို”

(အားကစား) ဩဂုတ် ၁၇

ဘုန်းမောက်အသင်းကို ရောက်လာခဲ့ပြီးနောက် အိမ်ကိုပြန်ရောက်ရသလို ခံစားခဲ့ရတဲ့အတွက် ပျော်ရွှင် မိတယ်လို့ မက္ကဆီကိုနောက်ခံလူ အာရူဂျို က ပြောကြားလိုက်ပါတယ်။ အသက် ၂၃ နှစ်အရွယ် အာရူဂျို ဟာ လာလီဂါကလပ် ဘာစီလိုနာအသင်းကနေ ဘုန်းမောက်အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်းဝန်းကျင်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး သူ့ရဲ့စွမ်းဆောင်ရည်ကို ပရီးမီးယားလိဂ်မှာ သက်သေပြနိုင်တော့မှာဖြစ်လို့ စိတ်လှုပ်ရှား နေပါတယ်။

ဘုန်းမောက်အသင်းနဲ့ ပထမဆုံးအကြိမ် လေ့ကျင့်ခန်းဆင်းခဲ့တဲ့ အာရူဂျို က အသင်းဖော်တွေရဲ့ နွေးထွေးစွာ ကြိုဆိုမှုတွေကြောင့် နေရာသစ်မှာ အလျင်မြန်ဆုံး အထိုင်ကျစေဖို့အတွက် အကူအညီဖြစ်စေလိမ့်မယ်လို့လည်း ယုံကြည်နေတာ ဖြစ်ပါတယ်။

ဘုန်းမောက်အသင်းနည်းပြ အိုင်ရာအိုလာ ကလည်း အာရူဂျို ရဲ့ခြေစွမ်းနဲ့ စွမ်းဆောင်ရည်ကို သဘောကျ တဲ့အတွက် အခုလိုမျိုးခေါ်ယူခဲ့တာဖြစ်ပါတယ်။ ၂၀၂၃ မှာ မေဂျာလိဂ်ကလပ် အယ်လ်အေ ဂလက်စီအသင်းကနေ ဘာစီလိုနာအသင်းကို ရောက်လာခဲ့တဲ့ အာရူဂျို ဟာ ပြီးခဲ့တဲ့ရာသီက ပယ်မက်စ်အသင်းကို အငှားထွက်ကစားခဲ့ရပြီး ၂၈ ပွဲမှာ ၂ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

#PAN