ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း ၁၀၀ နီးပါးရရှိ”

(စီးပွားရေး) ဩဂုတ် ၁၇

(၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် လေးလတာကာလအတွင်းမှာ ပြည်ပကို ငါးမျိုးစုံတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ နီးပါး ရရှိထားတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။

ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်ကနေ ဇူလိုင်လ လကုန်အထိ ပြည်ပသို့ ငါးတန်ချိန် ၈၈,၀၀၀ နီးပါး တင်ပို့ခဲ့တာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၉၈ ဒသမ ၄၈၈ သန်း ရရှိထားတာဖြစ်တာပါတယ်။

မြန်မာနိုင်ငံကနေ ပြည်ပသို့ ငါးမျိုးစုံအပါအဝင် ရေထွက်ကုန်တွေကို ပုံမှန် ကုန်သွယ်ရေးလမ်းကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေး စခန်းတွေကနေ တင်ပို့နေတာဖြစ်ပါတယ်။

ဘဏ္ဍာနှစ် တစ်နှစ်တာအတွင်းမှာ ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၈၀၅ သန်းရရှိဖို့ မျှော်မှန်းထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။

#PAN