နေပြည်တော်တွင် စက်သုံးဆီပြတ်လတ်မှုဖြစ်ပေါ်နေ

(ပြည်တွင်း) သြဂုတ် ၁၇

နိုင်ငံတစ်ဝှမ်းတွင် စက်သုံးဆီပြတ်လတ်မှုများဖြတ်ပေါ်နေပြီး ဆိုင်အချို့ ပိတ်ထားရသည်အထိဖြစ်ပေါ်နေသကဲ့သို့ တစ်လီတာဆန့်ရေသန်တစ်ဗူးကို ငွေကျပ် တစ်သောင်းပေးဝယ်ယူရန်ပင် ခက်ခဲ့လာသည့်အခြေအနေဖြစ်နေသည်။

ရန်ကုန် မန္တလေးမြို့ကြီးများအပြင် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်တွင်လည်း စက်သုံးဆီပြတ်လတ်မှုများဖြစ်ပေါ်နေပြီဖြစ်သည်။

” ဒီနေ့ Junction နားက ဆိုင်မှာသွားထည့်တယ်။ 92 လည်းကုန်ပြီ 95 ကတော့ ကုန်တာ ၃ ရက်လောက်ရှိပြီမရတော့ဘူးလို့ပြောတယ်ဗျ တန်းစီနေတဲ့ ဆိုင်ကယ်ထက် ကားတွေက ပိုများတယ်။ ဘယ်ဆိုင်ပြေးပြေး မရဘူး ဆီကတော်တော်ဒုက္ခရောက်နေတယ်” ဟု ဆီလိုအပ်၍ သွားရောက်တန်းစီခဲ့သည့် နေပြည်တော်ဒေသခံတစ်ဦးမှ ပြောသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီ လုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးပေးရန် စီစဉ်ပေးသွားမည်ဟု ဩဂုတ်လ ၁၄ ရက်၊ ညပိုင်းတွင် ထုတ်ပြန်ထားသော်လည်း စက်သုံးဆီဝယ်ယူရရှိမှုမှာ ခက်ခဲနေဆဲပင်ဖြစ်သည်။

“လယ်ဝေး DenKo မှာတော့ရတယ်။ ဆိုင်ကယ်တစ်စီးကို ၅၀၀၀ ဖိုးပဲရောင်းပေးတယ်။ ကားကိုလည်း အကန့်အသတ်နဲ့ပဲပေးတယ်” ဟုဒေသခံမှပြောသည်။

ယနေ့ စက်သုံးဆီရည်ညွှန်းစျေးအနေဖြင့် 92 Ron ရန်ကုန်စျေး ၂၇၄၈ မန္တလေး ၂၈၃၇၊ 95 Ron ရန်ကုန် ၂၈၈၈ မန္တလေး ၂၉၇၉ စျေးပေါက်နေကြောင်း သိရသည််။

#PAN