ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်အား တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ပေး

(နိုင်ငံတကာ) သြဂုတ် ၁၇

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်အား ဘုရင်၏မွေးနေ့အထိမ်းအမှတ်အဖြစ် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်း ထိုင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ထိုင်းသတင်းများအရ ဘုရင်၏မွေးနေ့အထိမ်းအမှတ်အဖြစ် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းကိုရရှိသည့် လူဦးရေ ၇,၅၀၀ စာရင်းတွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် ပါဝင်ခဲ့သည်ဟုသိရသည်။

တော်ဝင်မျိုးနွယ်အား ဂုဏ်သိက္ခာကျဆင်းစေမှုစွဲချက်နှင့် အမှုရင်ဆိုင်နေရဆဲဖြစ်ဖြစ်သည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် ယခု သြဂုတ်လ ၃၁ ရက်နေ့ နေအိမ်အကျယ်ချုပ် ကျခံရမည်ဖြစ်သော်လည်း လွတ်မြောက်လာခဲ့သည်။

သို့သော် တော်ဝင်မျိုးနွယ်အား ဂုဏ်သိက္ခာကျဆင်းစေမှုနှင့်ပတ်သက်သည့် ၎င်း၏နောက်ထပ် ကြားနာမှုကို သြဂုတ် ၁၉ ရက်သို့ ချိန်းဆိုထားကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

#PAN