“တိုနာလီ ပြန်လည်ကစားနိုင်တော့မယ်လို့ နယူးကာဆယ်လ်အသင်း အတည်ပြု”

(အားကစား) ဩဂုတ် ၁၇

နယူးကာဆယ်အသင်းက အီတလီကွင်းလယ်ကစားသမား တိုနာလီ အနေနဲ့ သြဂုတ်လ ၂၈ မှာ ပြန်ကစား နိုင်တော့မှာဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။

တိုနာလီ ဟာ လောင်းကစားစည်းမျဉ်းချိုးဖောက်မှုကြောင့် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း ပွဲပယ် ပြစ်ဒဏ် ၁၀ လ ချမှတ်ခံခဲ့ရသူဖြစ်ပါတယ်။ တိုနာလီ ရဲ့ ပွဲပယ်ပြစ်ဒဏ်က သြဂုတ်လ ၂၇ တွင် အဆုံးသတ်မှာဖြစ်ပြီး အဆိုပါကစားသမားအနေနဲ့ ရာသီကြိုကာလကတည်းက အသင်းနှင့်အတူ လေ့ကျင့်မှုများပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။

အသက် ၂၄ နှစ်အရွယ် အီတလီကွင်းလယ်ကစားသမား တိုနာလီ အနေနဲ့ နယူးကာဆယ်အသင်းရဲ့ ပရီးမီးယားလိဂ်ရာသီအစ ပွဲစဉ် ၃ ပွဲကို လွဲချော်မှာဖြစ်ပြီး စက်တင်ဘာလ ၁ ရက်မှာ စပါးအသင်းနှင့်ကစားမည့် ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်တွင် ပါဝင်ကစားနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

#PAN