စက်သုံးဆီအခက်အခဲကြောင့် အဝေးပြေးကားလက်မှတ်စျေးနှုန်းများ မြင့်တက်

(ပြည်တွင်း) သြဂုတ် ၁၇

      လက်ရှိပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်းတွေရဲ့ ကားလက်မှတ်ခဈေးနှုန်းတွေ ဩဂုတ်လ ၁၆ ရက်ကစပြီး အရင်ထက် အနည်းငယ်မြင့်တက်သွားတယ်လို့ ရန်ကုန်အခြေစိုက် ခရီးသည်တင်ယာဉ်လိုင်းတချို့ဆီကနေ သိရပါတယ်၊၊ စက်သုံးဆီအခက်အခဲတွေကြောင့် Express ယာဉ်တွေဟာ ခရီးစဉ်တွေပေါ်မူတည်ပြီး လက်မှတ် စျေးနှုန်းတွေ အနည်းငယ်မြင့်တက်သွားတာဖြစ်ပါတယ်၊၊

      လက်ရှိမှာ ရန်ကုန်-မန္တလေးအသွားအပြန် ကားလက်မှတ်စျေးနှုန်းတွေဟာ ရိုးရိုးကားဆိုရင် ငွေကျပ် ၃၁,၀၀၀၊ အထူးကားဆိုရင် ကျပ် ၄၀,၀၀၀ ကနေ ၄၅,၀၀၀ အထိ စျေးနှုန်းတွေ မြင့်တက်သွားတာဖြစ်ပြီး ယာဉ်လိုင်းတွေအားလုံး စျေးနှုန်းတွေ မြင့်တက်သွားတယ်လို့ အဝေးပြေးကားလက်မှတ်အရောင်းဌာနတစ်ခုရဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်၊၊ စက်သုံးဆီအခြေအနေပေါ်မူတည်ပြီး ကားလက်မှတ်ခဈေးနှုန်းတွေ အပြောင်းအလဲရှိနိုင်သေးတယ် လို့လည်း သိရပါတယ်။

#PAN