“ကိုယ်ပိုင်ဟန်တစ်ခု တည်ဆောက်နိုင်ဖို့အရေးကြီးကြောင်း ကာစလေ ပြော”

(အားကစား) ဩဂုတ် ၁၇

အင်္ဂလန်အသင်း ယာယီနည်းပြဖြစ်လာတဲ့ လီကာစလေ ဟာ လာမယ့်ပွဲစဉ်တွေမှာ အင်္ဂလန်အသင်းရဲ့ ကိုယ်ပိုင်ဟန်တစ်ခုကို တည်ဆောက်နိုင်ဖို့က အရေးကြီးတယ်လို့ ပြောကြားလိုက်ပါတယ်။

 ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးမှာ နည်းပြအဖြစ်ကနေ နုတ်ထွက်သွားခဲ့တဲ့ ဆောက်ဂိတ် ရဲ့နေရာမှာ အစားထိုးဖို့အတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ နည်းပြသစ်ရှာဖွေခဲ့ပေမယ့် နည်းပြသစ်ကို မခန့်အပ်နိုင်သေးခင်မှာ လီကာစလေ ကို ယာယီနည်းပြအဖြစ် ခန့်အပ် ထားခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်ယူ-၂၁အသင်း နည်းပြဟောင်း ကာစလေ ဟာ စက်တင်ဘာလထဲမှာ ကစားရမယ့် နေးရှင်းလိဂ်ပွဲစဉ် တွေမှာ အင်္ဂလန်အသင်းကို တာဝန်ယူရတော့မှာဖြစ်ပြီး နည်းပြဟောင်း ဆောက်ဂိတ် နဲ့ နည်းပြအဖွဲ့ဝင်ဖြစ်တဲ့ ဟော်လန် တို့ရဲ့ ဂုဏ်ယူစရာကောင်းတဲ့စွမ်းဆောင်မှုတွေကို လိုက်မီနိုင်ဖို့ကြိုးစားသွားမယ်လို့ ကာစလေ က ပြောသွားခဲ့တာပါ။

 အသက် ၅၀ အရွယ် ကာစလေဟာ အင်္ဂလန်ယူ-၂၁ အသင်းနဲ့အတူ ၂၀၂၃ ဥရောပယူ-၂၁ ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရရှိထားခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ စက်တင်ဘာ ၇ ရက်မှာ အိုင်ယာလန်အသင်းနဲ့ အဝေးကွင်းပွဲကစားရမှာဖြစ်ပြီး နောက် ၃ ရက်အကြာ ဝင်ဘလေကွင်းမှာ ဖင်လန်အသင်းကို လက်ခံကစားရမှာ ဖြစ်ပါတယ်။

#PAN