KNU/PDF ပစ်ခတ်သည့် Drop Boon ကျရောက်ပေါက်ကွဲခဲ့သဖြင့် ရာဘာခြံ လုပ်သား ၁ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရ


(ပြည်တွင်း) ဩဂုတ် ၁၆

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စု၊ ရဲတံခွန်ကျေးရွာအနီးရှိ ရာဘာခြံတစ်ခုအတွင်းသို့ Drone Bomb ကျရောက်ပေါက်ကွဲခဲ့သဖြင့် ခြံလုပ်သားတစ်ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ သြဂုတ် ၁၆ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်ခန့်တွင် နယ်မြေလုံခြုံရေးအဖွဲ့အား KNU/PDF အကြမ်းဖက်အဖွဲ့များမှ တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNU/PDF အကြမ်းဖက်အဖွဲ့များမှ Drone များအသုံးပြုကာ Drop Bromb များဖြင့်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

အကြမ်းဖက်သောင်းကျန်းသူ KNU /PDF များမှ Drone ဖြင့် Bomb ချတိုက်ခိုက်မှုကြောင့် သံဖြူဇရပ်မြို့ အလယ်လမ်း၊ အောင်ချမ်းသာရပ်ကွက်နေသူ ပိုင်ဆိုင်သည့် ရဲတံခွန်ကျေးရွာအနီးရာဘာခြံတွင်အလုပ်လုပ်ကိုင်နေသည့် အမျိုးသား ၁ ဦးသေဆုံးပြီး ကျား(၂)ဦး၊ မ(၃)ဦးတို့ထိခိုက်ဒဏ်ရာများရရှိခဲ့ကြကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ် မြောက်ကယ် ကျေးရွာ၊ စခန်းကြီးကျေးရွာအုပ်စုတွင်နေထိုင်သည့် ခြံလုပ်သား ဦးအောင်မြင့်၊ (အသက်)၅၀နှစ်မှာ အကြမ်းဖက်သောင်းကျန်းသူများ၏ Drone Bomb ကြောင့် ယာဘက်ခြေသလုံးနှင့်ခြေခုံကြေမွဒဏ်ရာ၊ ဝဲဘက်ပေါင်ကြေမွဒဏ်ရာ၊ ဝဲဘက်လည်ပင်းပေါက်ပြဲဒဏ်ရာ၊ ယာတံတောင်ပြတ် ကြေမွဒဏ်ရာရှိပြီး အခင်ဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့အတူ ကန်ကော်မြိုင်ကျေးရွာ၊ ဂျပန်တောင်ခြေအနီး စခန်းကြီးကျေးရွာအုပ်စု၊ သံဖြူဇရပ်မြို့နယ်နေသူ ဝတ်မှုန်ဇင်၊ (၁၆)နှစ် (ဘ)ဦးနိုင်မျိုး၏ ရင်ဘက်ပွန်းပဲ့ဒဏ်ရာ ရဲတံခွန်ကွက်သစ်ကျေးရွာ၊ စခန်းကြီးကျေးရွာအုပ်စု၊ သံဖြူဇရပ်မြို့နယ်နေသူ ဝေယံရှိုင်း၊ (၂)နှစ်၊ (ဘ)ဦးနိုင်လင်းဝေ၏ ဝဲဘက်ခြေဖနောင့် ပြတ်ရှဒဏ်ရာ၊ ယာဘက် ခြေဖနောင့် ပြတ်ရှဒဏ်ရာ၊ ရဲတံခွန် ကွက်သစ်ကျေးရွာ၊ စခန်းကြီးကျေးရွာအုပ်စု၊ သံဖြူဇရပ်မြို့နယ်နေသူ မဖြူဖြူဝင်း၊ (၃၆)နှစ်၊ (ဘ)ဦးတင်လှ၏ ဝဲဘက်မျက်လုံး ပြတ်ရှဒဏ်ရာ၊ ယာဘက်ပေါင် ပြတ်ရှဒဏ်ရာ၊ ယာဘက်ရင်အုံ သွေးထွက် ဒဏ်ရာ၊ မြောက်ကယ် ကျေးရွာ၊ စခန်းကြီးကျေးရွာအုပ်စု၊ သံဖြူဇရပ်မြို့နယ်နေသူ မမေမြတ်နိုး၊ (သ)၁၃နှစ်၊ (ဘ)ဦးအောင်မြင့်၏ ယာဘက်မျက်ခုံး ပွန်းပဲ့ဒဏ်ရာ၊ ရဲတံခွန် ကွက်သစ်ကျေးရွာ၊ စခန်းကြီးကျေးရွာအုပ်စု၊ သံဖြူဇရပ်မြို့နယ်နေသူ နိုင်လင်းဝေ၊ (၃၂)နှစ်၊ (ဘ)ဦးကျော်ဝင်း၏ ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာတို့ အသီးသီးဒဏ်ရာများရရှိကြကြောင်း သိရသည်။

အဆိုပါ ဒဏ်ရာရရှိသူများအား သံဖြူဇရပ်ပြည်သူ့ဆေးရုံသိူ့ပို့ဆောင်ကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် –

PAN